Thursday, February 14, 2013

စစ်တွေမြို့မိ မြို့ဖများက မောင်တောနဲ့ ဒေသအနှံ့အပြားတွင် ရခိုင်များ တိုက်ခိုက် သတ်ဖြတ်ခံနေရမူ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို တင်ပြ

Posted by drmyochit Thursday, February 14, 2013, under | No comments

ရခိုင်ပြည်နယ်ကို နှစ်ရက်အကြာ အလည် အပတ် ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ် စားလှယ် မစ္စတာ ကင်တေးနားကို စစ်တွေ မြို့မိ၊ မြို့ဖ တွေက မောင်တောမြို့နယ် အပါ အ၀င် ဒေသ အနှံ့အပြားမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မူကြောင့် ရခိုင်လူမျိုးတွေ သေဆုံး ထိခိုက် ဒဏ်ရာရနေကြရတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်တွေမြို့ စစ်တွေ ဟိုတယ်မှာ နေ့လည် တနာရီခွဲကနေ ညနေ ၃ နာရီ အထိ တွေ့ဆုံ စဉ်မှာ ရခိုင်မြို့မိ မြို့ဖတွေက ခုလို တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ တွေဆုံပွဲကို ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ် စားလှယ် မစ္စတာ ကင်တေးနားနဲ့ အတူ ကုလ သမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam တို့လည်း တက်ရောက် ခဲ့ပြီး ရခိုင်မြို့ မိ မြို့ဖတွေဘက်ကတော့ ဦးသာပွင့်၊ ဦးသန်းထွန်း၊ ဦးကျော်ဦး၊ ဦးကျော်ဇောအောင်၊ ဦးလှသာ ထွန်း အပါအ၀င် လူကြီး ၁၆ ဦးတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မွတ်ဆလင်တွေဘက်ကတော့ လူကြီး ၄ ဦး တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကိုယ်တိုင် ပါဝင် တက်ရောက် ခဲ့တဲ့ စစ်တွေမြို့က မြို့မိ၊ မြို့ဖ တစ်ဦးဖြစ်သူ ဦးသန်း ထွန်းက သူတို့ဘက်က တင်ပြတဲ့ အခြေအနေတွေကို ခုလို ပြောပြပါတယ်။

“ ကျွန်တော်တို့ဘက်ကတော့ ဦးသာပွင့်က ဦးဆောင်ပြီး ဆွေးနွေးပါတယ်။ သူဆွေးနွေးတာက ဒီဘင်္ဂလီ လူမျိုးတွေ နဲ့ ရခိုင် လူမျိုးတွေ အခုအချိန်မှာ အတူ ယှဉ်တွဲ နေထိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဆိုတဲ့ ကိစ္စပါ။ သူတင်ပြ တာကတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့က မောင်တောမြို့နယ် ငခူရဒေသက မြို့သစ်ရွာကို ရန်ငြိုး ရန်စ မရှိဘဲ ဘင်္ဂလီတွေက လူအင်အားသုံးပြီး နစက အယောင်ဆောင်ကာ တူမီးနဲ့ပစ်၊ ဓါးနဲ့ ခုတ်တဲ့ အတွက် ရခိုင် တစ်ယောက် သေတယ်။ တစ်ယောက် အပြင်း အထန် ဒဏ်ရာရတယ်။ နောက်နှစ်ဦး လည်း မောင်တော ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသ နေရတဲ့ ဖြစ်ရပ်တွေကို တင်ပြ ပြောဆို ပါတယ်။”

ဒါ့အပြင် ဦးသာပွင့်မှ ယခုလို ရခိုင်အမျိုးသားများအား ဘင်္ဂလီ အကြမ်းဖက်လိုသူများက တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်နုန်းနဲ့ ရခိုင်ပြည်နယ် အနှံ့ တိုက်ခိုက် ခံနေတယ်လို့ မစ္စတာ ကင်းတေနားကို တင်ပြ ပြော ဆို တယ်လို့ ဆိုပါတယ်။

“ ဦးသာပွင့်က ဒီလို တပတ်အတွင်း နှစ်ကြိမ် သုံးကြိမ်နှုန်းနဲ့ ရခိုင်ပြည်နယ် အနှံ့မှာ ဖြစ်နေပါတယ်။ ဒါကြောင့် လုံခြုံရေးကို ရုပ်သိမ်းတာနဲ့ အဲဒီ ဘင်္ဂလီတွေက ရခိုင်ရွာတွေကို မီးချို့၊ ဖျက်ဆီး၊ လူတွေကို သတ်ပြီး ဒီနယ်မြေ တစ်ခုလုံးကို လူအင်အားနဲ့ အပိုင်စီးသွားရေး အတွက် ကြိုးပမ်းနေတယ်ဆိုတာ မျက်မြင် ထင်ရှား တွေ့မြင် နိုင်တယ်။ အမှန်တကယ်အားဖြင့် ရခိုင်တွေဟာ လူ့အခွင့်အရေး ချိုးဖေါက်သူတွေ မဟုတ် ဘဲ ချိုးဖေါက် ခံနေရတဲ့ သူတွေ ဖြစ်ကြောင်းကို သက်သေ အထောက်အထားတွေနဲ့ တင်ပြပါ တယ်။”

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်မှ ပြန်လည် ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီးလည်း ဦးသန်းထွန်းက ယခုလို ပြောပြပါတယ်။

“ သူတို့ဘက်ကပြောဆိုတာကတော့ ထူးထူးခြားခြားမရှိပါ။ အဓိက ဒီတွေ့ဆုံမှုက ပဋိပက္ခ အလွန် ကာလမှာ ဒီလူမျိုး နှစ်မျိုး ဆက်လက် ငြိမ်းချမ်းစွာ အတူ နေထိုင်နိုင်ရေး အတွက် လာရောက် လေ့လာတဲ့ ခရီး စဉ် ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံ တကာအဖွဲ့ အစည်းတွေနဲ့ ကြားဝင် ဖြေရှင်းပေးလို့ မရနိုင်ဆို တဲ့အကြောင်းနဲ့ လူမျိုးနှစ်မျိုးအနေနဲ့သာ သူတို့ ပြဿနာကို သူတို့ချင်းသာ သင့်မြတ်မူ ရအောင် ဖြေရှင်း သင့်တယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စား လှယ် Mr. Ashok Nigam က ဘာပြောသလဲ ဆိုရင် ယူအန် နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ်မှာ ရခိုင်တိုင်းရင်းသားတွေ မယုံမကြည် မှုတွေဖြစ်နေရတဲ့ အပေါ်မှာ သူ့အနေနဲ့ စာနာ နားလည် ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် ယူအန် အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ ရခိုင်အမျိုးသားတွေကြားမှာ နားလည်မှု တည်ဆောက် ဖို့ လိုတယ်ဆိုတဲ့အကြောင်းကို သူပြောပါတယ်။”

မွတ်ဆလင် လူကြီး ၄ ဦးကတော့ ရခိုင်လူမျိုးတွေနဲ့ ရှေ့ကလိုဘဲ အတူတကွ ယှဉ်တွဲ နေထိုင် လိုကြောင်း တင်ပြခဲ့တယ်လို့ သိရပါတယ်။

နိရဉ္ဇရာ
မောင်အေး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်