Thursday, February 14, 2013

ယူကရိန်းတွင် လေယာဉ်အရေးပေါ်ဆင်းသက်ရမှု အနည်းဆုံး လူ ၃ ဦးသေဆုံး


ယူကရိန်းနိုင်ငံ South Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဒိုးနပ်ခ်မြို့အနီးတွင် အရေးပေါ် ဆင်းသက်ခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြား လူ ၃ ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ South Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဒိုးနပ်ခ်မြို့အနီးတွင် အရေးပေါ် ဆင်းသက် ခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြား လူ ၃ ဦးပျောက်ဆုံးနေကြောင်း သိရသည်။ လေယာဉ် သည် အရေးပေါ်ဆင်းသက်ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားကာ သုံးပိုင်းကျိုးပျက်စီးခဲ့သည်။ AN-24 အမျိုးအစား အဆိုပါလေယာဉ်ပေါ်တွင် လူ ၄၅ ဦးလိုက်ပါလာခြင်းဖြစ်ပြီး ၃၉ ဦးကို ကယ်ထုတ်နိုင် ခဲ့သည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ဒိုးနပ်ခ်မြို့တွင် ယှဉ်ပြိုင်ကစားမည့် ရှက်တာဒိုးနပ်ခ်နှင့် ဒေါ့မွန်အသင်းတို့၏ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဘောလုံးပြိုင်ပွဲကို လာရောက်ကြည့်ရှုသည့် ဘောလုံးပရိသတ်များလည်း ပါဝင်ကြောင်း သိရသည်။ Antonov AN-24 အမျိုးအစား လေယာဉ်မှာ အင်ဂျင်နှစ်လုံးတပ်ဖြစ်ပြီး ထိုင်ခုံ ၄၄ ခုံ ပါဝင်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး လေယာဉ်ဖြစ်သည်။ လေယာဉ်အရေးပေါ် ဆင်းသက်ရပြီး ပျက်ကျရသည့် အကြောင်းရင်းကို အတိအကျ မသိရှိ ရသေးသော်လည်း ဒိုးနပ်ခ်မြို့တွင် ရာသီဥတုအခြေအနေမှာ မြူများ ထူထပ်လျက်ရှိကြောင်း RT News က ပြောကြား သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်