Saturday, February 09, 2013

ယာဉ်မောင်းလိုင်စင်ပြုလုပ်သူဦးရေ သိသိသာသာမြင့်တက်

Posted by drmyochit Saturday, February 09, 2013, under | No comments

၂၀၁၂ မှ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်သူဦးရေ တိုးတက်လာပြီး (င) လိုင်စင်ပြုလုပ်သူ အထူးများပြား လာကြောင်း သိရသည်။

၂၀၁၁ ခုနှစ် မတိုင်မီ ကာလအထိ တစ်ရက်လျှင် ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ (၈၀) မှ(၁၀၀) ၀န်းကျင် ရှိသော်လည်း ယခုအချိန်တွင် တစ်ရက် ပျမ်းမျှ (၁၅၀)မှ (၂၀၀) အတွင်း မြင့်တက်လာကြောင်း ကျော်စိန် လင်း(စစ်ဆေးရေးမှူး ၂) က.ည.န(ရွာသာကြီး)က ပြောသည်။

`` အခု ယာဉ်မောင်းလိုင်စင် လုပ်တဲ့ဦးရေလည်း တိုးလာသလောက် ကျတဲ့သူတွေလည်း များလာတယ်။ ပျမ်းမျှ အယောက်နှစ်ဆယ်ဖြေရင် ၄ ယောက်ပဲ အောင်တယ်။ ဘာလို့လဲဆိုတော့ စစ်ဆေးရေးပုံစံတွေ ပြောင်းလိုက်တာလည်း ပါတယ်။ ပြီးတော့ ပိုပြီး တင်းကြပ်လာတာလည်းပါတယ်´´ဟု ၄င်းက ပြောသည်။

ထပ်မံတိုးလာသော ဖြေဆိုနည်းမှာ Simularor စာမေးပွဲဖြစ်ပြီး အဆိုပါ စာမေးပွဲမှာ လက်တွေ့မောင်းနှင်ရသည့် ဂိမ်းတစ်မျိုးဖြစ်ပြီး ၁၀ မှတ်ပေးထားရာ ၆ မှတ်ရလျှင် အောင်မြင်ကြောင်း သိရသည်။

`` ဒီမှာ လာဖြေတဲ့သူ အများစုက လက်တွေ့တွေမှာ အောင်ကြတယ်။ ဒါပေမဲ့ စာတွေ့မှာ ကျကြတာများတယ်။ လာဖြေတဲကသူတွက လက်တွေ့ကို အားစိုက်ကြပြီး စာဖတ်အားနည်းပုံရတယ်´´ဟု က.ည.န (ရွာသာကြီး) စစ်ဆေးရေးမှူးများက ပြောသည်။

၂၀၁၁ ခုနှစ် နောက်ပိုင်း ကားတင်သွင်းခွင့်များ သက်ဆိုင်ရာမှ လျှော့ချခဲ့ပြီးနောက် ရန်ကုန်မြို့အတွင်း ကားအစီးရေ တစ်သိန်းနီးပါး မြင့်တက်လာကြောင်း အခွန်ဝန်ကြီးဌာနမှ သိရသည်။ ထိုကဲ့သို့ ကားအစီးရေတိုးလာသည့်အလျောက် ယာဉ်မောင်းလိုင်စင် ပြုလုပ်သူ ဦးရေမြင့်တက်လာခြင်းဖြစ်ကြောင်း က.ည.န(ရွာသာကြီး)မှ သိရသည်။

`` ကျွန်တော် ဒီမှာ လာဖြေတာ ငါးခေါက်ရှိပြီ။ အခုတစ်ခေါက်လည်း ကျတယ်။ အခုတစ်ခေါက်က လက်တွေ့မှာ ကျတာ။ ကားပါကင်ထိုးတဲ့ ပုံစံမျိုးပေါ့။ အဲဒီမှာပဲ ကျတာ´´ ဟု က.ည.န( ရွာသာကြီး)တွင် လာရောက်ဖြေဆိုသူ ကိုဇင်ဖြိုးက ပြောသည်။

ထို့အပြင် ယခုနောက်ပိုင်း (ခ) လိုင်စင်ပြုလုပ်သူထက် (င) လိုင်စင် ပြုလုပ်သူ အထူးများပြားလာသည်။ စာမေးပွဲ အောင်မြင်သူများတွင်လည်း (င) လိုင်စင် ပြုလုပ်သူများသည် အအောင်များကြောင်း သိရသည်။

`` ဒါကတော့ ရှင်းပါတယ်။ တကယ်ဖြေချင်တဲ့သူက တကယ်အောင်မှာပဲ။ အိမ်ကားမောင်းတဲ့သူတွေကျတော့ အိမ်မှာ ကားရှိလို့သာ လာဖြေကြတာ။ အလုပ်လုပ်ရမဲ့သူတွေကျတော့ ဒါနဲ့ အသက်မွေးမှာဆိုတော့ တစ်ခါတည်းအောင်အောင် ဖြေကြတယ်´´ ဟု စာမေးပွဲစစ်ဆေးရေးမှူးက ပြောသည်။
ယခင်နှစ်က က.ည.န (ရွာသာကြီး) တွင် လိုင်စင်လာရောက်ပြုလုပ်သူ ရှစ်ထောင်ကျော်ရှိပြီး ယခုနှစ်အတွင်း ပိုမို တိုးလာဖွယ်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်