Saturday, February 09, 2013

နိုင်ငံရေးသမားများ နွားလို မကျင့်ရန် ဦးဝင်းတင် ပြော

Posted by drmyochit Saturday, February 09, 2013, under | No comments


ရန်ကုန်..ဖေဖေါ်ဝါရီ. ၁ရက်

မြန်မာ နိုင်ငံရှိနိုင်ငံ ရေးသမားများ နွားလို မကျင့်ရန်နှင့် လွတ်လပ် သော အတွေး အခေါ် များကို ထိုးဖေါက် ကျင့် သုံးကြ ရမည်ဖြစ်ကြောင်း ၀ါရင့် နိုင်ငံရေး သမား သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဇန်န၀ါရီ ၃၁ရက် က ကျင်း ပသော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင် ပွဲတော် ဆုပေးပွဲ အခမ်း အနား တွင်ပြောကြား ခဲ့သည်။

ကျနော်တို့ ပါတီမှာ လုပ်တယ် ဆိုတာ နွားလိုလုပ်တယ်၊ နွားလိုပဲ နောက် နေပြီးတော့ ဖြောင့်ဖြောင့် လိုက်တယ်၊ ဒါ ကျနော်တို့ စိတ်ကူးပဲ၊သို့သော် ကျနော်တို့ဟာ နွားမဟုတ်ဘူး၊နွားလို့ကျင့်ဖို့မလိုဘူး၊ ကျနော်တို့ မှာ ဦးနှောက် ရှိတယ်၊ ပါးစပ်ရှိတယ်၊ ပါတီလုပ်ငန်းတွေ နောက်ဖြောင့် ဖြောင့်ကြီး လိုက်တယ်ဆို တဲ့စိတ် ဓါတ်မွေး သော်ငြား လည်းကျနော်တို့ ဟာနွား မဟုတ်တဲ့ အတွက် ကျနော်တို့ လွတ်လပ်တဲ့ အတွေး အခေါ် ကို ထိုးဖေါက် ပြီးကျင့် သုံးမယ် ဟု ဦးဝင်းတင်က ဆိုသည်။ ထို့အပြင် နိုင်ငံရေး သမားများ သည် တိုင်းပြည် ၏နိုင်ငံရေး ကိစ္စ၊ စီးပွားရေး ကိစ္စ၊လူမှု့ရေးကိစ္စများဆောင်ရွက် ရင်းလွတ်လပ်ခြင်းမရှိပဲ ဖြတ် တတ် ကြောင်း၊ ပါတီ အတွင်း၌ လည်းကောင်း၊ အာဏာရှင် များနှင့် ရင်ဆိုင်ရာတွင် လည်းေ ကာင်း၊ လူထုနှင့် ထိတွေ့ ဆက်ဆံ ရာတွင် လည်းကောင်း၊ လွတ်လပ် မှု့ကို ကျင့်သုံး ရမည်ဖြစ် ကြောင်း ဦးဝင်းတင် ကဆိုသည်။

ကျနော် တို့ဟာ နွားတွေ မဟုတ်တဲ့ အတွက် ဒီလွတ်လပ်တဲ့ အတွေး အခေါ်တွေ ကိုကိုင် ဆွဲမယ်၊ကျင့် သုံးမယ်၊ ထို့ အ တူပဲ လွတ်လပ်တဲ့အနုပညာတွေရှိအောင်လည်း ကျနော်တို့ကိုယ်တိုင်ဖန်တီးတယ်၊ဘာဖြစ် လို့လဲ ဆိုတော့ လူတိုင်းဟာ အနုပညာနဲ့ကင်းလို့မရဘူး၊အနုပညာမရှိရင်အလွန်ကို ခမ်းခြောက်တဲ့ မြက် ခြောက်ဖြစ် သွားမယ် ဟု ဦးဝင်းတင်က ထပ်လောင်းပြောကြားသွားသည်။

အနုပညာစိတ်ဓါတ်မရှိသူများကအာဏာရလျှင်သော်၎င်း၊အာဏာလက်လွှတ်ရလျှင်သော်၎င်း၊နိုင်ငံရေး ခမ်းခြောက် မှု့မျိုးတွေ့ရ ကြောင်း ၄င်းက ဆိုသည်။

Credit: NLH .. (ဖီလော်ဆိုဖာမောင်မြသာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်