Saturday, February 09, 2013

နှင်းဆီခရီးသည်မော်ဒန်အငြိမ့် ပထမည ပရိသတ် သုံးထောင်ဝန်းကျင် လာရောက်ကြည့်ရှု

Posted by drmyochit Saturday, February 09, 2013, under | No comments


ရန်ကုန်၊ ဖေဖော်ဝါရီ-၉

နှင်းဆီခရီးသည်မော်ဒန်အငြိမ့်ကို ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီခွဲ အချိန်ခန့်တွင် စတင် ဖျော်ဖြေခဲ့ပြီး ပရိသတ်သုံးထောင်ခန့် လာရောက်အားပေးကြောင်း သတင်းရရှိသည်။

သက်တမ်းခုနစ်နှစ် ရှိပြီဖြစ်သော နှင်းဆီအဖွဲ့သားများ၏ ဖျော်ဖြေပွဲတွင် ယင်းအဖွဲ့၏ ပုံစံအတိုင်း နိုင်ငံတော် ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စများ၊ ခရီးသွားလုပ်ငန်းနှင့်ဆိုင်သည့်ကိစ္စများ၊ ရန်ကုန်မြို့တွင် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများ စသည်တို့ကို ပရိသတ်များ ကြိုက်နှစ်သက်သည့် ပျက်လုံး များဖြင့် ည ၁၂ နာရီခန့်အထိ ဖျော်ဖြေခဲ့သည်။

အငြိမ့်ပွဲပထမရက်တွင် သရုပ်ဆောင်မေကဗျာ မပါဝင်ခဲ့သည့်အပေါ် လာရောက်ကြည့်ရှုသူများကြား ပြောဆို မှုများ ရှိနေပြီး အခြားဖျော်ဖြေမှုများ၌ ကျေနပ်မှုရှိကြောင်း ပရိသတ်များကပြောသည်။

ဖျော်ဖြေပွဲ လက်မှတ် ဈေးနှုန်းများမှာ ကျပ်သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းနှင့် ခုနစ်ထောင်တို့ဖြစ်ပြီး မည်သည့် ရုပ်သံလိုင်းတွင်မှ ထုတ်လွှင့်ပြသမည်မဟုတ်ဘဲ ဒုတိယညကို ဖေဖော်ဝါရီ ၉ ရက် ညတွင် ဆက်လက် ဖျော်ဖြေမည်ဖြစ်သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်