Saturday, February 09, 2013

ပြည်နယ်အစိုးရ၏ လျောကြေးမပေးဘဲ မြေသိမ်းယူမည့် အစီအမံ နောင်ချိုဒေသခံများ လက်မခံ

Posted by drmyochit Saturday, February 09, 2013, under | No comments


ပြည်နယ် အစိုးရ၏ ညွှန်ကြား ချက်ကြောင့် ဟုဆိုကာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးနှင့် မြေစာရင်း ဦးစီးမှူး တို့မှ နောင်ချို မြို့နယ် တောင်ရပ် ကွက်ရှိ အိမ်ခြံမြေ ၁ဧက အပါအ၀င် စိုက်ပျိုးမြေဧက (၂၀)အား လျော်ကြေး တစုံတရာ မပေးပဲ သိမ်းယူမည့် အစီအစဉ်ကို ဒေသခံ တောင်သူ များက ကန့်ကွက်ခဲ့သည်။ 

အဆိုပါ မြေနေ ရာတွင် မသန် မစွမ်း တပ်မတော် သားများအား နေရာချ ထားပေးရန် အတွက် လွန်ခဲ့သည့် နှစ်နှစ် ကတည်းက မြို့နယ် အဆင့်ဋ္ဌာန ဆိုင်ရာ တာဝန် ရှိသူများမှ ကြိုးစား ခဲ့ခြင်း ဖြစ်သည်။ 

“ပြည်နယ် အစိုးရအဖွဲ့ညွှန်ကြားချက်ဆိုပြီး မြို့နယ်မြေစာရင်းဦးစီးမှူးနဲ့ လက်ရှိမြို့နယ်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ အိမ်ခြံမြေတွေကို မသန်စွမ်းစစ်သည်တွေအတွက် ပေးလိုက်တယ်လို့ပြောပါတယ်”ဟု သိမ်းဆည်း ခံမြေ ယာစာ ရင်း၌ ပါဝင်သူ တောင်ရပ် ကွက်မှ ဦးထင်ကျော်က ပြောသည်။ 

ပြီးခဲ့သည့် ဇန်န၀ါရီလ(၁၀)ရက်နေ့က နောင်ချိုမြို့နယ် မြေစာရင်းဦးစီးမှူးနှင့် လက်ရှိမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမိုးထက်က အဆိုပါ ပြည်နယ်အစိုးရက မြေသိမ်းသည့် စာအား ဖတ်ပြခဲ့သော်လည်း၊ သိမ်းဆည်း ခံရမည့် သူများ သိရန်ပြသခြင်း၊ မိတ္တူပေးရန်အတွက် ငြင်းဆိုခဲ့သည့်အတွက် ၄င်းတို့မှ သဘောမတူဟု အကြောင်း ပြန် ခဲ့ကြောင်း ကိုထင်ကျော်မှ ဆက်ပြောသည်။ 

လက်ရှိတွင် အဆိုပါ မြေယာ သိမ်းဆည်း မှုအတွက် လွှတ်တော် မြေယာ စုံစမ်း စစ်ဆေးရေး ကော်မရှင်မှ လာရောက် စစ်ဆေးမည့်အချိန်ကို ဒေသခံများအနေဖြင့် စောင့်မျှော်နေကြသည်။ 

“လုပ်ထုံး လုပ်နည်းနဲ့  ဥပဒေ တွေကို မျက်ကွယ်ပြုပြီး ကျွန်တော်တို့မြေတွေကို လျှော်ကြေး တစုံ တရာ မပေးပဲ တောင်းတယ် ဆိုတာကို ကျွန်တော်တော်တော်လေး အံ့သြတုန်လှုပ်မိတယ်” ဟု ကိုထင်ကျော်က ဆက် ပြောသည်။ 

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့(ရှမ်းပြည်နယ်)၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ ပြည်ထောင် စု အစိုးရအဖွဲ့၊ ရမခတိုင်းမှူးနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး အစရှိ သည့်ဋ္ဌာ နများ သို့ ၂၀၁၂ခုနှစ်အတွင်းက အသနားခံစာတင်ထားခဲ့ကြောင်းကိုလည်း သိရသည်။ 

“တိုင်းမှူးက သဘောတူထားတာတောင် မြေစာရင်းနဲ့ထွေ/အုပ်က တောင့်ခံကြည့်နေသေးလို့ ဒီကိစ္စက မပြတ်ဘူး ဖြစ်နေ တယ်”ဟု မြေသိမ်းဆည်းမှုကိစ္စအား လွှတ်တော်မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ထား ပေးခဲ့သူ သီပေါမြို့နယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောသည်။ 

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေး၌ တောင်သူများထံမှ တပ်မတော်က သိမ်းယူထားသည့် မြေယာများ နှင့် ပတ်သက်၍ မလိုအပ်သည့်မြေများအား ပြန်လည်ပေးအပ်ရန်၊အကယ်၍ လိုအပ်ချက်အရ သိမ်းဆည်း ထားသည့် မြေများကိုလည်း ထိုက်သင့်သည့် လျှော်ကြေးပေး၍ သိမ်းဆည်းရန် ဒုတိယ ကာကွယ်ရေး ဦးစီး ချုပ်မှ ပြောကြား ထားကြောင်း ၄င်းက ဆိုသည်။ 

နောင်ချိုမြို့နယ်မှ စိုက်ပျိုးမြေဧက (၂၀)သိမ်းဆည်းလိုမှုနှင့်ပတ်သက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးနှင့် မြေစာ ရင်းဦးစီးမှူးထံသို့ ဆက်သွယ်မေးမြန်းရာ တစုံတရာမှ ဖြေကြားခဲ့ခြင်းမရှိပေ။ 

အထက်ပါ မြေဧက(၂၀)သိမ်းဆည်းမှုတွင် ပါဝင်နေသူ(၉)ဦးရှိပြီး အများစုမှာ ဂေါ်ရခါးလူမျိုးများဖြစ်ကြောင်း ဗမာ ဓနု တိုင်းရင်းသားများဖြစ်သည့် ကိုထင်ကျော်နှင့် မမြနှင်းဆီက မြေယာပြန်လည်ရရှိရေးအတွက် မြေသိမ်း ခံရသူများကိုယ်စား ဦးဆောင်ကြိုးပမ်းနေကြသည်။ 

“နောင်ချိုမြို့နယ်မှာ ကျွန်မအပါအ၀င် မြေယာကိစ္စနဲ့ပတ်သက်တဲ့ အခက်အခဲတွေ အများကြီးရှိတယ်”ဟု မြေသိမ်းဆည်းခံ စာရင်းတွင် ပါဝင်သူ မမြနှင်းဆီက ပြောသည်။ 

အဆိုပါ စိုက်ပျိုးမြေဧက(၂၀) သိမ်းယူလိုသည့်ကိစ္စအား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရုံးသို့ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်အတွင်းက တိုင်ကြားခဲ့ကြောင်းနှင့် လက်ရှိတွင် ကော်မရှင်မှလည်း စုံစမ်း မေးမြန်း နေ ကြောင်း သိရသည်။ 

လက်ရှိအစိုးရတာဝန်ယူစဉ်ကာလနှင့် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်တွင် အစိုးရဋ္ဌာနများ၊ အဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များမှ နိုင်ငံတော် အတွင်း အထူးစီမံ ကိန်းများ၊ စီးပွားရေးဇုံများ တည်ဆောက်ရန် ပြည်သူအချို့၏ မြေကွက်များကို သိမ်းဆည်း ဆောင်ရွက် ရာတွင် နစ်နာသူ ပြည်သူများအား လျှော်ကြေးငွေပေးအပ်၍ သဘောတူညီမှုရမှသာ ဆောင်ရွက်ရန် အတွက် (မြေသိမ်းဆည်း လိုသော)ဋ္ဌာန အဖွဲ့အစည်းများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး များသို့ မြေယာသိမ်းဆည်းခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြား ခဲ့သည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်