Saturday, February 09, 2013

မင်းပြားမြို့ ပြည်သူများကို ဆင်းရဲတွင်းထဲ ဆွဲခေါ်မည့် ချဲထီ

Posted by drmyochit Saturday, February 09, 2013, under | No comments



လောင်းကစား တစ်မျိုးဖြစ်သော ချဲထီ သည် မင်းပြားမြို့တွင် လွတ်လပ်စွာ ရောင်းချ နေကြပြီး လွတ်လပ် စွာ ချဲထိုး လို့ရကြောင်း လူတိုင်း ပါးစပ်တွင် ချဲထီ အကြောင်း ပြောကာ ခေတ်စား နေပြီး သက်ဆိုင်ရာ အာဏာပိုင် များက အရေးယူခြင်းမရှိဘဲ လိုင်းကြေးကောက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထိုချဲထီကြောင့် ဒေသခံများမှာ ဆင်းရဲတွင်းနက်ထဲသို့ ရောက်ရှိနေကြောင်းကို မင်းပြားမြို့မှ အစိုးရ ဝန်ထမ်း တစ်ဦးမှ ပြောသည်။

" အခု မင်းပြားမှာက လူတိုင်းက ချဲနဲ့ရူးနေကြတယ်။ ရှာဖွေလို့ရလာတဲ့ ပိုက်ဆံတွေကို အဲဒီချဲမှာပဲ ကုန်နေကြ တယ်။ ချဲကရမလိုနဲ့ လူတွေက လိုက်ထိုးနေကြတယ်။ ဒါပေမယ့် ဒီအလုပ်က လောင်း ကစားလေ။ လောင်းကစားဆိုတာ လူတွေကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး။ ရမလိုနဲ့လိုက်ထိုးတော့ ပါသွား တဲ့ သူတွေပဲရှိတယ်။ ပြန်ရလာတာမရှိပါဘူး။ " ဟု ပြောသည်။

အဆိုပါ ချဲထီ ရောင်းချမှုကို သက်ဆိုင်ရာရဲများက တားဆီးမှုမပြုလုပ်သည့်အပြင် လိုင်းကြေးကောက်ခံကာ ချဲဒိုင် များနှင့် အကြံတူပူးပေါင်းနေကြောင်း ဆက်လက်ပြောသည်။

" ချဲထီ ထိုးနေကြတာ အရမ်းလွတ်လပ်နေကြတယ်။ ဘာအဟန့်အတားမှ မရှိပါဘူး။ ဘယ်လောက်ထိ အရူး အမူးဖြစ် နေကြ လဲဆိုတော့ ထမင်းမဲ့ဟင်းမဲ့ဖြစ်နေကြတယ်။ နေရာတိုင်းမှာ ဘယ်ဂဏန်းထွက်တယ်ဆိုတာ ဆူညံ နေတာပဲ။ မှုခင်းနှိမ်နှင်းရေးရဲတွေတောင် ချဲဒိုင်တွေနဲ့ပေါင်းပြီးတော့ လိုင်းကြေးတွေ လတိုင်း ကောက် ခံပြီးတော့ တောင်းစားနေကြတယ်။ ပြောသံကြားတာကတော့ ကျော်လင်းဒိုင်နဲ့ မောင်သန်းဒိုင်လို့ ကြားဖူး ပါတယ်။ အတိအကျတော့ မသိဘူးပေါ့။ မှုခင်းတွေကို တာဝန်ယူထားတာကတော့ နယ်ထိန်း အဖွဲ့ ခေါင်းဆောင် ဒုရဲအုပ်စောဖြူနှင့်အဖွဲ့ဖြစ်တယ်။ ဒါပေမယ့် သူတို့တွေက အရေးမယူကြဘူး။ " ဟု အာရ်ကန် တိုင်းမ်စ်သို့ ပြောသည်။

အဓိက မှုခင်း နိမ်နှင်းရေး အဖွဲ့က အရေးယူမှု မပြုလုပ်သည့် အပြင် လာဒ်ငွေများ တောင်းခံပြီး လောင်း ကစားမှု ကိုအားပေး နေခြင်းသည် ပြည်သူများ၏ လူမှုစီးပွားကို ပျက်စီးအောင် တွန်းအား ပေး နေခြင်း ဖြစ်ကြောင်း မင်းပြားမြို့ လူကြီးတစ်ချို့က ဝေဖန်သုံးသပ်ပြောဆိုနေကြသည်။

မင်းပြားမြို့ သာမက ရခိုင်ပြည် အနှံ့တွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ချဲထီးလောင်ကစားကြောင့် ဒုက္ခ ရောက်ခဲ့ ရသူ များမှာ အမြောက် အမြားရှိခဲ့ပြီး ယခုလည်း ၄င်းခေတ်သို့ ပြန်ရောက် ရှိနိုင်ကြောင်း ဝါရင့် ရှေ့နေ တစ်ဦးက ပြောသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်