Wednesday, February 20, 2013

အနှိပ်စက်ခံ ကရင်မိန်းကလေးငယ် အတွက် ထိုင်းဝန်ကြီးချုပ်ကို တောင်းဆို

Posted by drmyochit Wednesday, February 20, 2013, under | No comments


ထိုင်း ၀န်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ် အနေနှင့် အလုပ်ရှင်၏ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသည့် အသက် ၁၂ နှစ်အ ရွယ် ကရင် မိန်းကလေးငယ် အမှုနှင့် ပတ် သက်၍ အမြန်ဆုံးဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံ အခြေ စိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက ချင်း မိုင်မြို့ရှိ ခရိုင် အုပ်ချုပ်ရေးရုံးသို့ ယနေ့ သွားရောက် တောင်း ဆိုကြ သည်။



ယင်း လူ့အခွင့် အရေး လှုပ်ရှားနေသည့် အစိုးရမဟုတ်သော(NGO) အဖွဲ့ ၂၀ ခန့်ကို ထိုင်းလူမျိုး နိုင်ဝိုင် ယင်း ထောင်းဘီ က ဦးဆောင်၍ တောင်းဆိုစာကို ချင်းမိုင် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တဆင့် ယင့်လပ် ရှင်နာ ၀ပ် ထံ ပေးပို့ခဲ့ကြောင်း ထိုင်းဘာသာဖြင့် ထုတ်လွှင့်သည့် hedlomnews အင်တာနက် စာမျက်နှာ တွင် ဖော်ပြထား သည်။

ထိုင်း အာဏာပိုင်များ အနေနှင့် ပြစ်မူကျူးလွန်ထားသူကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရေးနှင့် တရားမျှ တစွာ ဆောင်ရွက် ပေးရန်တို့ကို တောင်းဆိုထားကြောင်း သိရသည်။


၅ နှစ်ကြာ ပိတ်လှောင် နှိပ်စက် စေခိုင်းခံရသည့် ကရင် မိန်းကလေးငယ် (ဓာတ်ပုံ – Pattayadailynews)
ယင်းတောင်း ဆိုချက်များကို ချင်းမိုင် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူတဦးက ယင့်လပ် ရှင်နာဝပ်ထံ အမြန် ဆုံး တင်ပြပေး မည်ဟု ပြန်လည် ပြောကြားခဲ့သည်။

“အမှုက တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကို ကျနော်တို့ စိုးရိမ်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလင် မယား (ပြစ်မှု ကျူး လွန်သူ) က ချိန်းထားတဲ့ ရက်ကို မလာဘူးလေ၊ ဒါကြောင့် ကျနော်တို့က ထိုင်းဝန်ကြီး ချုပ်ကို အကူအညီ လာတောင်းရတာ”ဟု NGO အဖွဲ့များကို ဦးဆောင်သူ နိုင်ဝိုင်ယင်းက ပြောကြားကြောင်း hedlomnews သတင်း၌ ရေးသားထားသည်။

ထိုသို့ တရား ရင်ဆိုင်ရန် ပျက်ကွက်သည့် ထိုင်း အလုပ်ရှင် လင်မယားကို ဖမ်းဆီးပေးသူအား ထိုင်း ဘတ် ငွေ တသိန်း ပေးမည်ဟု လည်း ယမန်နေ့က ဆုငွေ ထုတ်ပြန်ထားသည်။

ထိုင်းသတင်းများအရ တရားရင်ဆိုင်ရမည် ဖြစ်သော အသက် ၃၅ နှစ် အရွယ် ထိုင်း အမျိုးသားနှင့် အသက် ၃၃ နှစ် အရွယ်ရှိ ထိုင်း အမျိုးသမီး တို့သည် အာဏာပိုင်များက စစ်ဆေးမေးမြန်းရန် ယမန်နေ့ ရက်စွဲဖြင့် ချိန်းဆို ထားရာမှ ထွက်ပြေး တိမ်းရှောင် သွားခြင်း ဖြစ်သည် ဟု သိရသည်။

ထိုအလုပ်ရှင် လင်မယားကို အသက်မပြည့်သူအား အဓမ္မ ခိုင်းစေမှု၊ လူကုန် ကူးမှု၊ ညှဉ်းပန်း နှိပ်စက်မှုတို့ အပါ အဝင် စွဲချက် ၇ချက် ဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့သော်လည်း စွဲချက် များကို ငြင်းပယ်ထားပြီး သက်ဆိုင်ရာ ထိုင်း အာဏာ ပိုင်များက ဘတ်ငွေ ၇ သိန်း အာမခံဖြင့် လွှတ်ပေး ခဲ့သည်။

လတ်တလောတွင် ကရင် အမျိုးသမီးငယ်ကို ကန်ဖယ်ဖက်မြို့ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဂေဟာ တွင် စောင့်ရှောက် ထားပြီး ဘန်ကောက်မြို့သို့ သွားရောက် ဆေးကုသရန် စီစဉ်နေကြောင်း သိရသည်။

မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဂေဟာမှ တာဝန်ရှိသူ တဦးက ယနေ့ ကရင်အမျိုးသမီးငယ်နှင့် မိသားစု ၀င်များကို မှုခင်းနှင့် ဆိုင်သည့် ထိုင်းအာဏာပိုင်များက စစ်ဆေးမေးမြန်းနေကြောင်း၊ မနက်ဖြန် ဆေးကု သရန် ဘန်ကောက်သို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ကန်ဖယ်ဖက်မြို့ရှိ အဆိုပါ ထိုင်းအလုပ်ရှင် လင်းမယားက ကရင် အမျိုးသမီးငယ်ကို အိမ်တွင်း အခိုင်း အစေအဖြစ် ၅ နှစ်ကျော်ကြာ ပိတ်လှောင်ထားပြီး ခိုင်သည့်အတိုင်း မလုပ်ပါက ရက်စက်စွာ နှိပ်စက် ခဲ့ကြောင်း၊ ခွေးလှောင်အိမ်အတွင်း ထည့်ထားခြင်း၊ ခန္ဓာ ကိုယ် အနှံ့ ရေနွေးပူဖြင့် ပက်ခြင်း စသည်ဖြင့် ပြုလုပ် ခဲ့ကြောင်း သိရသည်။

တချို့သော ထိုင်းသတင်းများတွင်လည်း ခန္ဓာကိုယ် တခုလုံးတွင် အပူလောင် ဒဏ်ရာ အမာရွတ်များ ပြင်းထန်စွာ ရရှိထားကြောင်း၊ အပူလောင် ဒဏ်ရာကြောင့် အရေးပြားများ ပျက်စီးကာ လက်နှစ်ဘက်စလုံး လက်မောင်းရင်းအထိ အရေးပြားများ တွဲဆက်သွား ကာ မမြှောက်နိုင်သည့် အခြေအနေရှိနေကြောင်း ဓာတ်ပုံ များဖြင့် ဖော်ပြခဲ့သည်။

ဧရာဝတီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်