Wednesday, February 20, 2013

တိုင်းရင်းသား မဟုတ်သူ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားခြင်း ဥပဒေနှင့် ညီညွတ်မှု ရှိ မရှိ မန်းတွင် စိစစ်ပြီ

Posted by drmyochit Wednesday, February 20, 2013, under | No comments


မန္တလေးတိုင်း ဒေသကြီးတွင် တိုင်းရင်းသား မဟုတ်ဘဲ နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူ များအား ဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိ စိစစ်နေကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။


အမျိုးသား စီမံကိန်း ဥပဒေ ကြမ်း ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ နှစ်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စား လှယ်များ၏ မူသဘော ဆွေးနွေးချက်များအပေါ် ပြန် လည်ရှင်းလင်းခြင်း အပါအဝင် စီမံကိန်း အကြောင်း အရာ များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် ၁၁ ရက်မြောက်နေ့ တွင် ဆွေးနွေးစဉ် ပြောကြားခဲ့ ခြင်း ဖြစ်သည်။ ဥပဒေနှင့် ညီညွတ်ခြင်း မရှိပါက ကိုင်ဆောင်သူနှင့် တရားမဝင် ထုတ်ပေးသူများကို ဥပဒေ ကြောင်း အရ ထိထိရောက် ရောက်အရေးယူမည်ဟု ¤င်းက ပြောသည်။ထိုကဲ့သို့စိစစ်ရာတွင် အိမ် ထောင်စု လူဦးရေ စာရင်းများ သည် တရားဝင်ထုတ် ပေးထား ခြင်း ရှိ မရှိ၊ ထုတ်ပေးထားမှု မှန်ကန်ခြင်း ရှိ မရှိ၊ အိမ် ထောင်မှု စာရင်းမရှိဘဲ ဧည့်စာ ရင်းဖြင့် နေထိုင်ခြင်း သို့မဟုတ် တရားဝင်နေထိုင်ခြင်း ရှိ မရှိ မိမိတို့ ရုံးလက်ခံ မှတ်တမ်းများ နှင့် တိုက်ဆိုင်စိစစ်မှုများအား မန္တလေးတိုင်းဒေသကြီးတွင် စတင် ဆောင်ရွက် နေပြီဖြစ် ကြောင်း ၄င်း ကပြောသည်။

အဆိုပါလုပ်ငန်းကို စနစ်တကျ မှန်ကန်စေရေးအတွက် အခြားပြည် နယ်နှင့် တိုင်းဒေသကြီးများမှ ဝန် ထမ်းများ ကို ထုတ်နုတ်၍ ဖွဲ့စည်း စစ်ဆေး လျက်ရှိကြောင်း မမှန်မကန် ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ အားတွေ့ ရှိပါက ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ပြီး တရားမဝင် နေ ထိုင်သူများကိုလည်း ဥပဒေကြောင်း အရ အရေးယူသွားမည်ဟု ၄င်းက ပြောသည်။တရားမဝင် ဝင်ရောက်နေထိုင် မှု၊ အခြေချ နေထိုင် မှုတို့သည် သက်ဆိုင်ရာ ကျေးရွာရပ်ကွက်အုပ် ချုပ်ရေး အဖွဲ့အစည်းနှင့် ဒေသခံ ပြည်သူများက အမျိုးသား ရေးတာ ဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းဖော် ထုတ် ပေးပါက ပိုမိုထိရောက်မည်ဖြစ် ကြောင်း၎င်း ကပြောသည်။

ထိုသို့ စစ်ဆေးရာတွင် ဧည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားသာ မက ယခင် တိုင်းရင်းသားမဟုတ် သူများ အား ထုတ်ပေးထားသော နိုင်ငံသား စိစစ်ရေးကတ်ပြား၊ ဧည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံသား ခွင့်ပြု စိစစ်ရေး ကတ်ပြားနှင့် အမျိုးသားမှတ်ပုံတင်ကတ်ပြားများ ကို ဥပဒေနှင့်ညီ မညီ ထုတ်ပေးထားမှုအား ပြန် လည်စိစစ်၍ (၁-၈-၂ဝ၁၂)နေ့မှစ၍ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် စီမံချက်ချမှတ်ကာ ရုံးလက်ခံ မှတ်တမ်း များနှင့် တိုက် ဆိုင်၍ လုပ်ငန်းဆောင် ရွက်မှု တိုးတက်မှု လက်ကျန် အခြေအနေကို ပြန်တမ်း တောင်းခံဆောင် ရွက်လျက်ရှိ ပါကြောင်း ၄င်းကပြောသည်။ လုပ်ငန်း တွေ့ရှိချက် အ ပေါ်မူတည်၍ ဥပဒေနှင့် မညီ ညွတ်ဘဲ ထုတ်ပေးထားသော ကတ်များကို ပြန်လည်သိမ်း ဆည်း ပယ်ဖျက်သွားမည်ဖြစ် ပြီး မိမိဝန် ထမ်းအား ဝန်ထမ်း စည်းမျဉ်းစည်း ကမ်းများနှင့် အ ညီ အရေးယူသွားမည့်အပြင် လိမ်လည် လျှောက်ထား ခဲ့သူ များကိုလည်း တရားစွဲဆိုသွား မည်ဟု ၄င်းက ပြည်ထောင်စု လွှတ်တော်တွင် ပြောခဲ့ သည်။

စိုင်းနောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်