Wednesday, February 20, 2013

မန်မာနိုင်ငံ၌ အသက် ၆၀ နှစ်နှင့်အထက် လူဦးရေ ခြောက်သန်းခန့်ရှိပြီး အသက် ၈၀ မှ ၉၀ ၀န်းကျင် သက်ကြီးရွယ်အို များပြားလာ

Posted by drmyochit Wednesday, February 20, 2013, under | No comments


မြန်မာနိုင်ငံ၌ သာမက ကမ္ဘာ တစ်ဝန်း တွင်ပါ သက်ကြီး ရွယ်အို တိုးပွား လာမှု ပြဿနာကို ရင်ဆိုင် နေရပြီး အာရှ ဒေသများ အတွင်း တွင်လည်း အဆိုပါအရေးမှာ ဆွေးနွေးဖွယ် ဖြစ်လာလျက်ရှိကာ ယခုအ ခါတွင် ကမ္ဘာပေါ်၌ သက်ကြီးရွယ်အို အရေအတွက်မှာ နှစ်စဉ် ၂ ဒသမ ၀ ရာခိုင်နှုန်းမျှ တိုးတက်လျက်ရှိသည်ဟု ထုတ်ပြန် ချက်များ အရ သိရသည်။


ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်း တစ်နေရာတွင် တွေ့ရသည့် သက်ကြီး ရွယ်အို တစ်ဦး 

မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဦးရေမှာ ၁၉၉၀-၁၉၉၁ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၂-၂၀၀၃ ခုနှစ်၌ ၈ ဒသမ ၀၅ ရာခိုင်နှုန်းအထိ တိုးတက်များပြားလာခဲ့ပြီး လက်ရှိကာလတွင် ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူ သက်ကြီးရွယ်အို အရေအတွက်မှာ လက်ရှိအချိန်တွင် စုစုပေါင်းလူဦးရေ၏ ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မိသားစု လူနေမှုပုံစံများ ပြောင်းလဲလာပြီဖြစ်၍ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ များအတွက် စောင့်ရှောက်ရန် လိုအပ်ချက်များ ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အို ဦးရေ မြင့်တက်လာသော်လည်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများ၏ ပျမ်းမျှလူ့သက်တမ်းနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း Asia Development Bank ( ADB) က ထုတ်ပြန်ခဲ့သည့် Myanmar in Transition အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ၌ ၀င်ငွေနှင့် အခြေခံ ၀န်ဆောင်မှုများဖြစ်သော ရေ၊ အိမ်ရာ၊ ပညာရေးနှင့် ကျန်းမာရေးကဲ့သို့သော ၀န်ဆောင်မှုများ ရရှိမှုတွင် မြန်မာတစ်နိုင်ငံလုံးတွင် ကွာဟချက်များ ကြီးကြီးမားမား ရှိနေကြောင်းလည်း ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးမှု စီမံကိန်း ရည်မှန်းချက်အရ လူ့မျှော်မှန်း သက်တမ်းအား ၂၀၂၁ ခုနှစ်တွင် ၇၁ နှစ်မှ ၇၅ နှစ် အထိ ရှိလာရန် လျာထားကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ယဉ်ကျေးမှုအရ သက်ကြီးရွယ်အို စောင့်ရှောက်ရေးမှာ ပြဿနာတစ်ရပ် မဟုတ်သေးသော်လည်း နောင်တွင် လူဦးရေ တဖြည်းဖြည်း တိုးတက်လာမည့် အချိန်၌ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ အရေးကိစ္စမှာ ထည့်မတွက်လျှင် မရတော့မည့် အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

 Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်