Wednesday, February 20, 2013

“ပွဲလန့်တုန်း ဖျာခင်း ကချင် ပဋိပက္ခ ကာလကို အခွင့်ကောင်းယူ၍ တရားမဝင် သစ်ခိုးထုတ်ခြင်းများ ရှိနေ”

Posted by drmyochit Wednesday, February 20, 2013, under | 1 comment


ကချင်ဒေသ မအေးချမ်းမှုကို အခွင့်ကောင်းယူကာ တရားမဝင် သစ်ခိုးယူ ထုတ်လုပ်မှု အမြောက် အမြားရှိ နေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး က ပြောသည်။


”ဒီကာလ ထဲမှာ ဖမ်းဆီးမိခဲ့ တာက ၃ဝဝ၊ ၄ဝဝ လောက်ရှိ တယ်။ သစ်ခိုးထုတ်နေတာတွေကို ပေါ့။ စာရင်း တွေလည်း လုပ်ထားပါတယ်။ တရုတ် နိုင်ငံသား တွေလည်း ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပေါ်ပြူလာနယူးစ် နှင့် တွေ့ဆုံစဉ် ပြောသည်။

သစ်ခိုး ထုတ်နေမှု အပေါ် တားဆီးခဲ့သော သစ်တော ဝန်ထမ်း တို့ကိုပင် သေနတ်ဖြင့် ပစ်သတ် မှုမျိုး အထိ ရှိခဲ့သည်ဟု ဒုတိယဝန်ကြီးက ထပ်လောင်းပြောသည်။

နှစ်စဉ် တရား မဝင် သစ်ခိုး ထုတ် မှုအပေါ် ဖမ်းဆီး ရမိခဲ့သည့် ၄ဝ ရာခိုင်နှုန်းခန့်မှာ ကချင်နှင့် ရှမ်း ပြည်နယ် (မြောက်ပိုင်း) ဒေသများမှ ဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ သိရသည်။

သစ်တော ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ”ဖော်ပြတဲ့ ဒေသတွေမှာ တစ်နိုင်ငံလုံးဖော် ထုတ်ဖမ်း ဆီးမှုရဲ့ ပျဉ်းမျှ ၃၈ ရာခိုင် နှုန်းခန့်ရှိနေတယ်”ဟုပြောသည်။

တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် စီးပွားရေးဆုံးရှုံးမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုများနှင့် သဘာဝ ပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေခဲ့ရာ မိမိတို့ ဝန် ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်များအား အထူး အလေးထား ဆောင်ရွက်နေကြောင်း၊ အရှေ့ မြောက် နယ်စပ်ဒေသများဖြစ်သည့် ကချင်ပြည် နယ်နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) တို့ကို ပိုမိုအလေး ထားဂရုပြုနေကြောင်း ၄င်းကဆက် ပြောသည်။

သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က တရားမဝင် ခိုးယူ ထုတ်လုပ်မှုတို့ကို တားဆီး ကာကွယ် ရာတွင် ဝန်ထမ်းများအား အန္တရာယ်မပြုနိုင်ရေးကို နည်းလမ်းလေးသွယ်ဖြင့် တားဆီးကာကွယ်မှု အရှိန် အဟုန် မပျက် စေရန် လုပ် ဆောင်နေကြောင်း ထပ်လောင်းဆို သည်။

”နယ်မြေသတင်းတွေကို ထောက်လှမ်းရယူတယ်။ တရားမဝင် သစ်ခိုးယူတဲ့လမ်းကြောင်းကို လေ့လာ ဖော်ထုတ်ပြီး မှ လုံခြုံမှုရှိတဲ့နေရာမှာ ပိတ်ဆို့အရေးယူတယ်။ ရတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီး အင်အား စုဖွဲ့ အရေးယူဆောင်ရွက်တဲ့အပြင်ကို လုံခြုံရေးအရ ဂရုပြုရတဲ့ဒေသတွေမှာ ဆောင်ရွက် ရတဲ့အခါမှာ လုံခြုံရေး အကူအညီ ယူတယ်”ဟု ၄င်းကရှင်းပြသည်။

Popular Myanmar News Journal

1 comments:

တရုတ် +KIA လက်ချက်ပေါ့

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်