Wednesday, February 20, 2013

စဖစ်ဖိုင်းယား လေယာဉ်ပျံများ နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်

Posted by drmyochit Wednesday, February 20, 2013, under | No comments

မြေပေါ် မြေအောက် ထောက်လှမ်း ရှာဖွေရေး စက်ကိ ရိယာများကို ပြည်ပမှ ငှားရမ်းထားသည့် အတွက် နှစ်ပတ်သုံး ပတ်နေလျှင် စဖစ်ဖိုင်းယား လေယာဉ် ပျံများနှင့် ပတ်သက်သည့် သတင်း ကောင်း ပေးနိုင်မည်ဟု Mr.David J.Cundall က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ စဖစ်ဖိုင်းယား လေယာဉ်ပျံများ မင်္ဂလာဒုံ လေဆိပ်ဝင်း အတွင်း မြှုပ်နှံ ထားခြင်း ရှိ မရှိနှင့် ပတ်သက်၍ အငြင်းပွား ဖွယ်ရာ သတင်းများ ထွက်ပေါ်နေရာ ၎င်း အနေဖြင့် ပြည် တွင်းပြည်ပ သတင်းထောက် များအား ခေါ်ယူ၍ အထက်ပါ စကားကို သတင်းစာရှင်း လင်းပွဲအတွင်း ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။ “စဖစ်ဖိုင်းယား လေယာဉ်တွေ ထွက်လာရင် လာကြည့် ဖို့ ဖိတ်ခေါ် ပါတယ်” လို့ ၎င်းကပြောသည်။

ယခုတွင် ၎င်းတို့ အနေဖြင့် စူးစမ်းရှာဖွေရေး လုပ်ငန်းအပိုင်းကို ဆောင်ရွက်နေကြောင်း၊ သို့သော် မပြီးပြတ်သေးသည့် အတွက်ကြောင့် အဖြေကို ထုတ်ပေး၍ မရကြောင်း ဆက်ပြောကာ မရှိဘူးဟု ပြောနေ ကြသည့်အပေါ် မမြင်ရသေးလို့ဘဲ ဖြစ်မည်ဟု ၎င်းက ထပ်လောင်းဆို သည်။

ရွှေတောင်ပေါ် ကုမ္ပဏီများအုပ်စု၏ ပြန်ကြားရေး တာဝန်ခံ ဦးထွန်းကျော်က “စဖစ်ဖိုင်းယား သတင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန် မှုကို ကျွန်တော်တို့ကသာ ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။ အခုထွက်ပေါ်နေကြတဲ့ သတင်းတွေ အပေါ်မှာ ကျွန်တော်တို့ ဘာမှ မှတ်ချက်တော့ မပေးလိုပါဘူး”ဟု ပြောသည်။လွန်ခဲ့သော နှစ်ပေါင်း ၇၀ က စဖစ်ဖိုင်းယားများ မြန်မာနိုင်ငံ တွင် မြှုပ်နှံ ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောဆိုမှုကို အခြေခံကာ တူးဖော် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ အောက်တိုဘာလ တွင် နိုင်ငံတော်အစိုးရက တရားဝင်ရှာဖွေခွင့် ပြုပေးခဲ့သည်။

Yoyarlay

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်