Wednesday, February 20, 2013

ရန်ကုန်- မော်လမြိုင် ရထားတစ်စင်းကျွဲခြံနှင့် ပေါင် ဘူတာအကြား၌ လမ်းချော်မှုဖြစ်ပွား

Posted by drmyochit Wednesday, February 20, 2013, under , | No comments


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃

ရထား အမှတ် ၉၀ ရန်ကုန်- မော်လမြိုင် အစုန်ရထားတစ်စင်းသည် ယနေ့နံနက် ၉ နာရီ ၂၆ မိနစ်အချိန် တွင် ကျွဲခြံ ဘူတာနှင့် ပေါင်မြို့ဘူတာအကြားတွင် ရထားတွဲလမ်းချော်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာ့ မီးရထား ၀န်ကြီး ဌာနမှ သတင်း ရရှိသည်။


“စက်ခေါင်းရဲ့အနောက်ဖက်က ကပ်လျက် ရိုးရိုးတန်းတွဲနဲ့ ကပ်နေတဲ့ ဒုတိယမြောက်အထက်တန်းတွဲ လမ်းချော်သွားတာပါ။ လမ်းရဲ့ ၀ဲဖက်ကို ၆၀ ဒီကရီလောက် ယိုင်သွားတယ်။ ဘေးနားက ထန်းပင်တွေ ခံနေလို့ မြေပေါ်ကို မလဲကျဘူး။ ဒါကို ပြင်ဆင်ဖို့အတွက် ရန်ကုန်က ကရိန်းတွဲက ၁၁ နာရီ မှာ ထွက်သွားပါပြီ” ဟု ရန်ကုန်ဘူတာကြီး ကွန်ထရိုးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရထားတွဲလမ်းချော်မှုဖြစ်စဉ်တွင် ခရီးသည်နှင့် ၀န်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရထားခရီးစဉ်များ၊ ပုံမှန်သွားလာနိုင်ရန်အတွက် မြန်မာ့မီးရထားမှ ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Messenger News Journal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်