လစ်ဗျား နိုင်ငံရှိ အယ်လ် အက်ဆီမာ ရုပ်သံ
အဆောက် အအုံအား အမည် မသိ သေနတ် သမား များ စီးနင်း တိုက်ခိုက် ခဲ့ပြီး လူလေး ဦးအား ပြန်ပေး
ဆွဲ ခဲ့ ကြောင်း မျက်မြင် သက်သေ များက ဆင်ဟွာ သတင်း ဌာန သို့ ပြောကြား ခဲ့သည်။
အမည် မသိ သေနတ် သမား ၁ဝဝ ခန့် သည် ထရီပို လီမြို့ ဂေါ်ဂျီဒေသရှိ ရုပ်သံ အဆောက် အအုံအား မတ် ၇ ရက် မွန်းလွဲ ပိုင်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပစ္စည်း များအား ဖျက်ဆီးခဲ့ ကြောင်း သိရသည်။
ထို့အပြင် ရုပ်သံ ဌာန၏ မန်နေဂျာ ဂျူမာယူ စာတာ အပါအဝင် လူလေး ဦးအား ပြန်ပေး ဆွဲ ခဲ့ကြောင်း၊ ယင်း တိုက် ခိုက် သူများ သည် မူအာ မာဂါဒါ ဖီအား သစ္စာ ခံသည့် ယူစာတာ ဂိုဏ်းမှ အဖွဲ့ဝင်များ ဖြစ်ကြပြီး ၎င်း အဖွဲ့သည် ရုပ်သံ ဌာနအား မာမွတ် ဂျီဘရီ ဦးဆောင်သော အမျိုးသား မဟာမိတ် တပ်ဖွဲ့နှင့် ပေါင်းစည်း ခဲ့သည်ဟု စွပ်စွဲ ပြစ်တင် ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့သည် ဒေသ အတွင်း၌ လုံခြုံရေး များကို တိုးမြှင့်ချထား ခဲ့ရကြောင်း သိရ သည်။
မြ၀တီ
Time in Rangoon


0 comments:
Post a Comment