Monday, March 11, 2013

သတ်သေနိုင်ခြင်းရှိမရှိ ဖော်ပြနိုင်မည့် သွေးစစ်ချက်

Posted by drmyochit Monday, March 11, 2013, under | No comments


မတ် ၁၀ ရက်၊ ၂၀၁၃

သြစတြေးလျ သိပ္ပံ ပညာ ရှင်များ သည် ဆွီဒင် သုတေသီ များနှင့် ပူး ပေါင်း၍ လူတစ်ဦး မိမိကိုယ်ကို သတ်သေ နိုင်ခြင်း ရှိမရှိ (၂၄) နာရီမှ (၄၈) နာရီအတွင်း စစ်ဆေး နိုင်သော သွေး စစ်စမ်း သပ်ချက် တစ်ခု တီထွင်နိုင် ရန်ကြိုး ပမ်းလျက် ရှိကြ သည်။


နယူး ဆော့သ်ဝေးလ် တက္ကသိုလ် မှ ဂေးလစ် ဂီလမင်နှင့် အဖွဲ့သည် ဦးနှောက် ရောဂါများ ဖြစ်သည့် အယ်လ် ဇိုင်းမား ရောဂါ၊ အော့တစ်ဇင် ရောဂါ၊ စိတ်ကစဥ့် ကလျား ရောဂါ တို့တွင် အဓိက ပါဝင် ပတ် သက် နေသည့် qu-inolinic acid ကို ဖော်ထုတ် ပြသ နိုင်ခဲ့သည့် အဖွဲ့ ဖြစ်သည်။ သြစတြေးလျ အဖွဲ့သည် မိမိ ကိုယ်ကို သတ်သေရန် ကြိုးစား သူများ ၌ quinolinic acid မြင့်တက်နေ သည်ဟု တွေ့ရှိ ထားသော ဆွီဒင် သုတေသန အဖွဲ့နှင့် ပူးပေါင်း လိုက်ပြီ ဖြစ်သည်။

အနာဂတ်တွင် quinolinic acid ထုတ်လုပ် ခြင်းကို ဟန့်တား နိုင်ရန် သီးသန့် အင်ဇိုင်း တစ်ခု ဖန်တီး၍ မိမိကိုယ် ကို သတ်သေမှု လျှော့ချ နိုင်ရန် ရည်ရွယ် ကြောင်း သုတေသီ များက ဆိုသည်။

မေ့ဆေး ပေးရာတွင် အသုံးပြုသည့် ketamine သည် quinolinic acid နှင့် စိတ်ကျ ဝေဒနာ တွင် ဖြစ်ပေါ် သည့် ဓါတုပ စ္စည်းများ တွယ်ကပ်ရာ receptor ကိုသွားရောက် ပိတ်ဆို့ နိုင် သည်။ သို့သော် အဆိုပါ နည်းလမ်းကို လက်တွေ့ အသုံးချ နိုင်ခြင်း မရှိသေး ပေ။

သုတေသီ များ၏ ယခု လေ့လာမှု မှာ သွေးစစ်ချက် အဖြေ များကို အ ခြေ ခံပြီး စိတ်ရော ဂါရှာ ဖွေခြင်း အ တွက် အထောက် အပံ့ဖြစ်စေရန်၊ စိတ်ကျ ရောဂါ ကုသ ဆေး သစ်များ တီထွင် နိုင်ရန် ရည်မှန်း လျက် ရှိကြောင်း သိရ သည်။

သီဟ
Health Updates Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်