Monday, March 11, 2013

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



၉-၃-၂ဝ၁၃ ရက်နေ့ ဝ၃ဝဝ အချိန် စစ်ကိုင်း တိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မံထုံရဲစခန်းမှ တပ်ဖွဲ့ ဝင်များ သည် မူးယစ် ဆေးဝါး သတင်း အရ သက်သေ များနှင့် အတူ ဗန်းမောက်မြို့နယ်၊ ဟဲချိန် ရွာ အနောက်ဘက် ၆ မိုင်ခန့် အကွာ နန့်ခါဥချောင်း ဖျားရှိ (၅)မိုင်ကျေးရွာ ဟိုပင်မြို့နယ်ခွဲ မိုးညှင်းခရိုင် ကချင်ပြည် နယ်နေသူ စိုးသိန်း (၄ဝ)နှစ်၏ တဲအား ဝင်ရောက် ရှာဖွေ ခဲ့သည်။


ထိုသို့ ရှာဖွေ ခဲ့ရာ ၄င်း၏ အိပ်ယာ ခေါင်းရင်း ဘေးရှိ မြင်း ချေးရောင် ဂျင်းလွယ် အိတ်ထဲမှ ရောင်စုံ ဆပ်ပြာ ခွက် ၁၄ ခွက် အတွင်း ပလပ်စတစ် အိတ်ဖြင့် ထုပ်လျက် ဘိန်းဖြူဟု ယူဆရ သော အဖြူမှုန့် အလေးချိန် (၁၇၈.၉) ဂရမ်၊ တန်ဘိုး ငွေကျပ် (၁၇၈၉ဝဝဝဝိ/-)တွေ့ရှိ သိမ်းဆည်း ရမိခဲ့ သဖြင့် စိုးသိန်းအား
ဗန်းမောက် ရဲစခန်း မယ(ပ)၆/၂ဝ၁၃၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိ ရသည်။

ထို့အပြင် အဆိုပါနေ့ ၁၅ဝဝ အချိန် ရှမ်းပြည်နယ်၊ နောင်ချိုမူးယစ်(အထူး) အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် နောင်ချိုမြို့ မိုင်တိုင် အမှတ် (၇၈/၅) တွင် မူးယစ် ဆေးဝါးနှင့် လက်နက်/ ခဲယမ်းများ ပိတ်ဆို့ ရှာဖွေရေး ဆောင် ရွက်နေစဉ် လားရှိုးမှ မန္တလေးသို့ ယာဉ်မောင်း မိုးကျော် မောင်းနှင် လာသည့် ရွေမန်းမေ ခရီးသည်တင် ၁က/××××ယာဉ်အား ရပ်တန့် စစ်ဆေးရာ ခရီးသည် ကောင်းဆာ ရပ်ကွက်၊ လားရှိုးမြို့ နေသူ မချိုချိုဦး (၃၈) နှစ်၏ ခရီးဆောင် အိတ် အတွင်းမှ ရောင်စုံ ပလပ်စတစ် ဆပ်ပြာခွက်ဖြင့် ထည့်လျက် ဘိန်းဖြူ ဟု ယူဆ ရသော အဖြူမှုန့် တစ်ခွက်လျှင် ၁၅ ဂရမ်ခန့်စီပါ ၇၇ ခွက်၊ အလေးချိန် (၁ဝ၈ဝ) ဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂ဝ၅၂ဝဝဝဝိ/-)နှင့် တစ်ရပ်ကွက် တည်းနေ ဒေါ်ခင်အေး (၄၇)နှစ် ၏ ပီနံအိတ် အတွင်းမှရောင်စုံ ဆပ်ပြာခွက်နှင့် ထည့်လျက် ဘိန်းဖြူဟု ယူဆရသောအဖြူမှုန့် တစ်ခွက်လျှင် ၁၅ ဂရမ်ခန့်စီပါ ၆၆ ခွက်၊ အလေးချိန် (၉၉ဝ)ဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၈၈၁ဝဝဝဝိ/-) တို့အား သိမ်းဆည်းရမိခဲ့သဖြင့် တရား မဝင် မူးယစ် ဆေးဝါးများ သယ်ဆောင် လာသူ ချိုချိုဦးနှင့် ခင်အေး တို့နှစ်ဦးအား နောင်ချို ရဲစခန်း မယ(ပ) ၆/၂ဝ၁၃၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့် အရေးယူ ထား ရှိကြောင်း သတင်း ရရှိသည်။

Myanmar Police Force

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်