Monday, March 11, 2013

မိတ်ဆွေများ........ ရခိုင်ရိုးရာ တစ်ခုဖြစ်သော ....ကျင်ပွဲရန်ကုန်မြို့တွင်ကျင်းပမည်

Posted by drmyochit Monday, March 11, 2013, under | No comments



ရန်ကုန်မြို့တွင် ရခိုင်ရိုးရာ အမျိုးသာ အားကစား နည်း တစ် ခုဖြစ်သော ( ကျင်ပွဲ ) ကျင်းပ မည် ဖြစ်ပါတယ်
2013 မတ်လ 28 ရက်နေ့တွင် သိမ်ဖြူကားမောင်း ကွင်း အနီး ( ရခိုင်သင်္ကြန်ပွဲ ကျင်းပသည့် ကွင်းအနီး အမျိုး သား လက်ဝှေ့ရုံ တွင် ရခိုင်ရိုးရာ အားကစား ရခိုင်ကျင် ကိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရ ရှိသည်

ရွှေမောင်း တန်း ပထမဆု ( 1 500 000 ) တစ်ဆယ့် ငါးသိန်း။ ရွှေမောင်း တန်း ဒုတိ ယဆု ( 1 000 000 ) ဆယ်သိန်း ကျပ် ၊ငွေမောင်း တန်း နှင့် သီခြား စိန်ခေါ်ပွဲများ ကိုလည်း ထိုက်ထိုက်တန်တန် ဆုချီးမျြင့် သွားမည်ဖြစ် ကြောင်း သိရပါသည်။ ရခိုင်ရိုးရာ ကျင်ပွဲကို ရခိုင်ပြည်နယ်တစ်ဝှမ်းမှ နာမည်ကျော် ရခိုင်ကျင် သန်လူငယ် များကို ဖိတ်ခေါ်ထားကြောင်း၊ရခိုင်ရိုးရာအမျိုးသား အားကစားပွဲတော်ဖြစ်သော ရခိုင်ရိုးရာ ကျင်ပွဲကို အမျိုးသားရေး စိတ်ဖြင့် ဆုရ ကျင်သန်များအားပေး ဆုချီးမြှင့် အားပေးကူညီလိုသူများလည်း လိုအပ်နေ ပါကြောင်း။

ယခုနှစ် ရခိုင်ရိုးရာကျင်ပွဲ ၏ ထူးခြားချက်မှာ မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပွဲပြိုင်တွင် အားကစား နည်းတစ် ခုဖြစ်သော နပန်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားများကို ရခိုင်ရိုးရာ ကျင်ပွဲမှ အလား အလာ ကောင်းသော ရခိုင်ကျင်သန် လူငယ်များကို ရွေးချယ်ခေါ်ယူ လေ့ကျင့်သွားမည်ဟုသိရသည်၊ ထိုအထဲမှ ရွေးချယ်ခံ ရသော ရခိုင်ကျင်သန်လူငယ်များသည် နိုင်ငံလက်ရွေးစင်အဆင့် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်ဟု သိရသည်။

ရက္ခိတမျိုးချစ်အဖွဲ့ - ရန်ကုန်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်