Tuesday, April 02, 2013

မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ် သက် တစ် ကျွန်းပြစ် ဒဏ်များ ချမှတ်မည်

Posted by drmyochit Tuesday, April 02, 2013, under | No comments




မိတ္ထီလာ၊ ဧပြီ ၂။

မိတ္ထီလာ အကြမ်း ဖက်မှုတွင် ပါဝင် သူများကို စုံစမ်း ဖော်ထုတ်ပြီး ဥပဒေကြောင်း အရ အရေးယူ မှုများပြုလုပ် တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြား သည်။

“နောက်လာ မယ့် အပတ်မှာ အကြမ်း ဖက်မှုမှာ ပါတဲ့ သူတွေကို ဖမ်းဆီးပြီး စစ်ဆေးမှု တွေပြုလုပ် တော့မယ်။ လူသေအောင် လုပ်တဲ့ လူတွေကို သေဒဏ် ပေးမယ်။ မီးရှို့ တဲ့ သူတွေကို တစ်သက် တစ်ကျွန်း။ အနာ တရဖြစ်အောင် ရိုက်နှက်တဲ့ သူတွေ ကိုလည်း တစ်သက် တစ်ကျွန်း ပေးမယ်။ အဲ့ဒီ တော့ ထိထိ ရောက်ရောက် အရေး ယူနိုင်အောင် ပြည်သူတွေ ဘက်ကလည်း ပူးပေါင်းဖို့ လိုအပ် ပါတယ်။” ဟု မန္တလေး တိုင်းဒေ သကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် များကို ထောက်ပံ့ ပစ္စည်းများ ပေးအပ် စဉ်ပြော ကြားသည်။

“ဥပဒေ အတိုင်း အရေး ယူမယ် ဆိုရင် ကောင်းပါတယ်။ ဒါမှ မြို့က အရင်လို ပုံမှန်ပြန် ဖြစ်မှာပါ။ အခု ကတော့ နှစ်ဖက် စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလို ဖော်ထုတ်မှ လည်း အသက် ဆုံးရှုံး ရတဲ့ သူတွေ ရော ဒုက္ခသည် ဖြစ်သွား ရတဲ့သူ တွေအား လုံး အ တွက် လည်း တရား မျှတ မှာပါ” ဟု အစ္စလာမ် ဘာသာဝင် ဒုက္ခသည် ဒေါ်မြင့်ကြည် ကပြော ကြားသည်။

“ပုဒ်မ ၁၄၄ ထုတ် ထားတယ် ဆိုတာ ကလည်း လို အပ်လို့ ထုတ် တာပါ။ အပြစ် မဲ့တဲ့ အသက် အိုးအိမ် စည်းစိမ်တွေ ထက်ပြီး မပျက် ဆီးရအောင် ထုတ် ထား တာပါ။ လူတွေ ထုတ်ပြန် တဲ့ ဥပဒေပဲ ဒီနေ့ ဒေသ ဒေသ အေးချမ်း သွား တာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး ဥပဒေရေး ရာချုပ် ဦး ရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။

ယခု အခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေး တိုင်းဒေ သကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြား ဌာန ဆိုင်ရာများမှ သက်ဆိုင်ရာ အရာရှိ များ ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မ ရှင်မှ ပြစ်မှု ကျူးလွန် သူ များ ကို ဖော်ထုတ် အရေး ယူ မည်ဖြစ် ကြောင်း သိရသည်။

ဆုဝေ

Form: မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်