Tuesday, April 02, 2013

"ဗိုလ်တစ်ထောင်မှဗလီမီးလောင်မှု ကောလဟာလသတင်းရှင်းလင်း"

Posted by drmyochit Tuesday, April 02, 2013, under | No comments



ရန်ကုန်၊ ဧပြီ၂ ဗိုလ် တစ်ထောင် တွင်ဖြစ် ပွားခဲ့သော မီးလောင်မှု နှင့် ပတ် သက်၍ ကောလ ဟာလ သတင်းများ ထွက်ပေါ် နေမှုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ၀န်ကြီးချုပ်နှင့် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူ များက ယနေ့ ညနေ ၅ နာရီ၃၀ ခန့်တွင် ဒုတိယ အကြိမ် သတင်းစာ ရှင်းလင်း ပွဲပြု လုပ်လိုက်သည်။

အဆိုပါ ရှင်းလင်းပွဲတွင်ဝန်ကြီးချုပ်နှင ရဲတပ်ဖွဲ့မှုးတို့မှအခင်းဖြစ်ပွားရာတွင် ဗလီ ဆရာ ဦးဇေယျာဖြိုးမှ လုပ်ကြံ ဖန်တီးထွက်ဆိုမှု ကြောင့် ကောလဟာ လသတင်း များထွက် ရှိခဲ့ကြောင်း၊ ယခု အခါ စစ်ဆေး ချက် များ အရ အဖြစ် မှန်ကို သိရှိ နေရပြီ ဖြစ်ကြောင်း ပြောကြားကြသည်။

"တကယ် တမ်း စပြီးတော့ မီးအား မြင့်စက် အသံ မြည်တယ်။ ခလေး တွေက နိုးတယ် နောက်တော့ ဗလီ ဆရာကို နိုးတော့ မနိုး ဘူးလို့ သိရတယ်။ မီးပြတ်ရင် စက်ရှိတယ် တဲ့။ တရုတ်နီ ၂၅ ကောင်အား ဒီဇယ် သုံးတာပါ။ လှေခါးရဲ့အောက်မီ အားမြင့် စက်အောက် မှာ ဒီဇယ်ဗုံး ရှိပါတယ်။

ဒီဇယ် ဆွတ်ထား တဲ့စောင် ကိုဖြန့်ပြီး ပစ်မလား၊ ထွက် ဆို ချက်တွေ လွဲနေပြီ ဆိုတော့မှ ၀န်ခံပါတယ်။ခလေး တွေ ကပြော တယ်။ လှေကား အောက် မီးအား မြင့် စက် နားမှာ ဒီဇယ် ဗုံးထား တာပါ။

၅ ဂါလံ ဗုံးက ဒီ အထဲကို ရောက်နေ မလား။ သူ့ကြောင့် ခလေးတွေ ဆုံးတာ ကို တမင် လွဲပြော ထားတာ။ ၁၈၈  ထုတ် ထားတာ ကြောင့် လူတွေဟာ မထွက်ကြပါဘူး၊တပ်ကကင်းလှည့် ။ရဲက ကင်းလှည့် ဘယ်သူ ကလာ ရဲမှာလဲ။ ၁၀ နာရီနောက်ပိုင်းမှာ သိပ်ကို မထွက်ကြပါဘူး" ဟု ၀န်ကြီး ချုပ် ဦးမြင့်ဆွေ ကပြော သည်။

AH(NYK) Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်