Tuesday, April 02, 2013

အဖွဲ့အစည်းပေါင်းစုံနှင့် အနုပညာရှင်များ မိတ္ထီလာဒုက္ခသည်များကို ကူညီအားပေး

Posted by drmyochit Tuesday, April 02, 2013, under | No comments



အဖွဲ့ အစည်း ပေါင်းစုံနဲ့ ရုပ်ရှင် အနု ပညာရှင်များ ပါတဲ့ အဖွဲ့ဝင် အင်အား ၂၀၀ လောက် ဟာ မိတ္ထီလာမြို့က ဒုက္ခသည် စခန်း တွေကို April 1 ရက်နေ့ လှည့်လည် သွားရောက်ပြီး ကူညီထောက်ပံ့ အားပေး နှစ်သိမ့် ခဲ့ကြပါတယ်။

၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့၊ ရုပ်ရှင် အစည်း အရုံး အဖွဲ့က ဇာတ်ပို့ ဇာတ်ရန်နဲ့ ကိုလူချောတို့ အဖွဲ့ အပါအ၀င် မင်းသား မင်းသမီး ၁၀၀ ကျော်၊ နာရေး ကူညီမှု အဖွဲ့ရယ်၊ မဖြူဖြူသင်း အဖွဲ့တို့ ပူးပေါင်းပြီး ‘အပြစ်မဲ့ နာကျင်မှု များ အတွက် စာနာမှု လက်များ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်ပုဒ်နဲ့ သွား ခဲ့ကြ တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့ အစည်းက ဦးဂျင်မီက ပြောပါ တယ်။

ကားအားလုံးပေါင်း ၁၀ စီးလောက်ရှိမယ်။ နောက် ဟိုရောက်တော့ ဆရာတော် အရှင်ဆန္ဒာဓိကလည်း ရောက်နေ တော့ ဆရာတော် ကလည်း ကျနော်တို့နဲ့ ပေါင်းလှူ ကြမယ် ဆိုတော့ အဲမှာ စုပေါင်းလှူတဲ့ ပွဲလေး ၁ ခု ဖြစ်သွား တယ်။ ဆရာတော် အရှင် ဆန္ဒာ ဓိက က သိန်း ၃၀၀ ကျော်ပါတယ်။ ရုပ်ရှင် အစည်း အရုံးက ၅၈ သိန်း။ ကျနော် တို့က အ၀တ် အထည်၊ ဆန်၊ နို့မှုန့် ဘူးတွေ၊ အခြား အဖွဲ့ အစည်း တွေက လည်း ဆိုင်ရာဆိုင်ရာ အလှူ ဒါန တွေပါ ကြပြီး ဒီနေ့ စုပေါင်း လှူ ဖြစ်ကြတယ်။

မိတ္ထီလာမြို့ရှိ ဒုက္ခသည် စခန်း ၇ ခုကို လှည့်လည် သွားရောက်ပြီး ကူညီ ခဲ့ကြတာ ဖြစ်ပါတယ်။  မိတ္ထီလာ ခရီးကို ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ တဦး အနေနဲ့ လိုက်ပါ သွားတဲ့ ဦးဇင် ၀ိုင်းက “လူတွေက ဒီကွင်း ပြင်ကြီး တွေမှာ ရွက်ဖျင်တဲ တွေနဲ့ နေကြ ရတယ်။ တချို့လည်း အား ကစား ရုံကြီး တွေမှာ သူ့အကန့် လေးတွေ နဲ့သူ ဖျာခင်းပြီး နေကြတယ်။ အားလုံး မျက်နှာ တွေက ညှိုးငယ် နေကြတယ်။

ကြောက်ရွံ့ နေကြ တယ်။ သံသယ တွေလည်း ရှိနေကြ တယ်။ သောက တွေလည်း မပျောက်ကြ သေးဘူး။ ဘယ်လို မှလည်း ပျောက် စရာ မရှိနိုင် သေးဘူးလေ။ သူတို့ ကြုံတွေ့ ခဲ့ရ တာတွေက ထိတ်လန့် ကြောက် စရာ အဖြစ် အပျက် တွေပဲလေ။ နောက်ကွယ်မှာ ဖန်တီး နေတာ ကြိုးကိုင် တာတွေ ရှိတယ် လို့လည်း ပြောဆိုကြ တာလည်း ရှိတယ်။ နိုင်ငံတော်အာဏာပိုင်တွေလည်း ပြောနေတယ်။ အခု ဒုက္ခသည် စခန်းရောက် တော့လည်း သူတို့ရဲ အထင် အမြင် အယူ အဆတွေ ဒီလိုတွေ ရှိနေတာ တွေ့ရတယ်။ တော်တော် စိတ် မချမ်းမြေ့ စရာကောင်း တာပေါ့။ ဒီလူတွေဟာ ကျနော်တို့ တနိုင်ငံ တည်း သား တွေပဲ။ ဘာသာ အယူ ၀ါဒ ကွဲ ပေမယ့် ကျနော်တို့ သွားရာ မှာလည်း သူတို့မှာ ဘယ်သူ ဘယ်ဝါ ဆိုရယ်လို့ မရှိဘူး။ တဒင်္ဂ လေးတော့ ပျောက်သွား တာပေါ့။ ဒါပေမယ့် ကျနော်တို့ ပြန်သွား ရင်လည်း သူတို့ သောက ပြန်တောက် လောင်ကြ မှာပါ။ သူတို့ မှာလည်း သူတို့ကို ထင်နေ တာတွေ၊ သံ သယ တွေလည်း ရှိနေတယ်။ ဒါတွေ အများကြီး ဖြေဖျောက် သွားဖို့ လိုမယ်လို့ ထင်တယ်။

မတ်လ ၂၀ ရက်နေ့ က မိတ္ထီလာက စခဲ့တဲ့ ပဋိ ပက္ခဟာ မြို့နယ် ၁၅ မြို့နယ်ကို ကူးစက် ခဲ့ပြီး အကြမ်း ဖက်မှု ၁၆၃ ကြိမ်၊ သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦး ရှိကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာနက သတင်း ထုတ်ပြန် ထားပါတယ်။

လူဦးရေ ၁ သောင်း တထောင်ကျော် အိုးအိမ် မဲ့ဖြစ် ခဲ့ရပြီး ကယ်ဆယ်ရေး စခန်း ၆ ခုမှာ လူဦးရေ ၉၀၆၅ ဦးကို စောင့်ရှောက် ထားကြောင်း ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့ အညီ အရေး ယူရန် ဆောင်ရွက် နေကြောင်း လည်း ဖော်ပြထား ပါတယ်။

News From: DVB
Phto From: ပေါ်ပြူလာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်