Tuesday, April 02, 2013

မြန်မာ ပဋိပက္ခ အပေါ် စုံစမ်းဖို့ HRW ပြော၊ မီးလောင် ပျက်စီး ပုံကို ဂြိုလ်တု ဓာတ်ပုံနဲ့ ယှဉ်ပြ

Posted by drmyochit Tuesday, April 02, 2013, under | No comments

မြန်မာ နိုင်ငံမှာ ရဲတပ်ဖွဲ့တွေက ဗုဒ္ဓ ဘာသာနဲ့ မူစလင် ဘာသာကြား ပဋိ ပက္ခတွေ အိမ်တွေ ဗလီတွေ မီး ရှို့ ဖျက်စီး မှုတွေကို တားစီးခြင်း မပြုလုပ် ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ပြုလုပ်ဖို့ နိုင်ငံတကာ လူ့ အခွင့် အရေး စောင့်ကြပ်ရေး အဖွဲ့က တိုက်တွန်း ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ပဋိပက္ခ မဖြစ်ခင်နဲ့ ပဋိပက္ခ ဖြစ်ပေါ် ပြီးနောက် ဖြစ်ပေါ်လာတဲ့ အပျက် အစီးတွေကို ဆက်တ လိုက် ဓာတ်ပုံနဲ့ နှိုင်း ယှဉ်ပြထား (Credit: AFP)

ဗီဒီယို မြန်မာနိုင်ငံမှာ ပဋိပက္ခမဖြစ်ခင်နဲ့ ပဋိပက္ခဖြစ်ပေါ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေကို ဆက်တလိုက်ဓာတ်ပုံနဲ့ နှိုင်းယှဉ်ပြထား

မိတ္တီလာ မြို့လည်ခေါင်မှာ မကြာသေးခင်က မီးလောင် ပျက်စီး သွားပြီး ပြာကျနေတဲ့ မြင်ကွင်းတွေကို လူ့ အခွင့် အရေး စောင့်ကြပ်ရေး အဖွဲ့ က ဂြိုဟ်တုကနေ ရိုက်ထားတဲ့ ပုံတွေကို ထုတ်ဖေါ် ခဲ့ပါတယ်။

မြန်မာ နိုင်ငံတွင်း က ဗုဒ္ဓဘာသာနဲ့ မူစလင် ဘာသာကြား ပဋိ ပက္ခတွေမှာ ရပ်ကွက်လိုက် မီးရှို့မှုတွေ သတ်ဖြတ် မှုတွေ နဲ့ ပတ် သက်ပြီး တရားခံတွေကို စုံစမ်းဖေါ်ထုတ်ပေး ဖို့ အစိုးရမှာ တာဝန်ရှိ တယ်လို့ လူ့ အခွင့် အရေး ဆိုင်ရာ အဖွဲ့အစည်းရဲ့ ဒါရိုက်တာ ကပြောသွားပါတယ်။

လူ့အခွင့် အရေးဆိုင် ရာအဖွဲ့က ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့တဲ့ မိတ္တီလာမြို့မှာ ရဲတပ်ဖွဲ့ အနေနဲ့ ပဋိ ပက္ခ တွေ ကို ရက်အနည်းငယ် ဆက်လက်ဆိုးဝါး လာ နေတဲ့ အထိ အရေးယူခြင်း မရှိ ခဲ့ဘူးဆိုတဲ့ သက်သေ သာဓက တွေကို တွေ့ ခဲ့ တယ်လို့ ဆိုထားပါတယ်။

ဆက်လက်ပြီးတော့ မိတ္တီလာမှာ ဖြစ်ပွါးခဲ့ တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေဟာ ရခိုင်ပြည်မှာ ဖြစ်ပွါးသွားခဲ့ တဲ့ အခြေ အနေ မျိုး - လူပေါင်း ၁၈၀ လောက်သေဆုံးပြီး လူနေရပ်ကွက်တွေ မီးလောင်ပြာကျခဲ့ တဲ့ အခြေအနေ နဲ့ တူနေ တဲ့ အကြောင်း -- မိတ္တီလာမြို့မှာ မူစလင်ဘာသာဝင်ဦးရေ သိသိသာသာများပြားမှု ရှိ နေတယ် ဆိုတာ တွေ့ ရှိ ခဲ့ရ တဲ့ အကြောင်းတွေကိုပြောသွားပါတယ်။

ပြီးခဲ့တဲ့ တပါတ်က သမ္မတဦးသိန်းစိန်က နေပြီး အကြမ်းဖက်သူတွေ ကို ထိထိ ရောက်ရောက် အရေးယူမှာ ဖြစ်တဲ့ အကြောင်း၊ နိုင်ငံရေး အခွင့်အရေးသမားတွေ နဲ့ ဘာသာရေး အစွန်းရောက်သူ တွေရဲ့ လက် ချက်ဖြစ် တဲ့ အကြောင်းတွေ ကို ပြောဆိုပြီး နောက် အခြေအနေ ငြိမ်သက်သွားတဲ့ သဏ္ဍန်ရှိ တယ်လို့ လူ့အခွင့် အရေး စောင့်ကြပ်ရေး အစီရင် ခံစာမှာဖေါ်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်က ရခိုင်ပြည်အရေးအခင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဟာ မူစလင်ရွာသူရွာသားတွေကို သတ်ဖြတ်ခဲ့ပြီး အစိုးရ စစ်တပ် ဖွဲ့ဝင်တွေက ဘာမှ မလုပ်ဘဲ ကြည့်နေကြတယ်လို့ လူ့ အခွင့်အရေး စောင့် ကြပ်ရေးအဖွဲ့က စွပ်စွဲ ခဲ့ပါတယ်။

ဒီ တချီမှာ လဲ အလားတူ အခြေ အနေ မျိုးတွေကို မြင်တွေ့ ရတဲ့ အကြောင်း လုံခြုံရေး တွေက ဆူပူ မှုတွေ ငြိမ်း သွားအောင် မိုးပေါ်ကို ထောင်ပြီး သေနတ်ပစ်ခဲ့ တဲ့ အကြောင်း၊ ဒါပေ မဲ့ တိုက်ခိုက်မှု တွေကို လက် ပိုက် ကြည့် နေခဲ့တယ်လို့ စွပ်စွဲပြော ဆိုသွားပါတယ်။

စောစော ပိုင်းက ကုလသမဂ္ဂ ကနေ စွပ်စွဲ ထားတာ တွေကို မြန်မာ အစိုး ရ က အခြေ အမြစ် မရှိတဲ့ စွပ်စွဲ ချက် တွေလို့ ငြင်းဆို ထားပါတယ်။

အစ္စလာမ် ဘာသာဝင် နိုင်ငံများ ပေါင်းစည်း ထားတဲ့ OIC အဖွဲ့ဝင် နိုင်ငံက ဝန်ကြီး တွေက လာမည့် စနေ နေ့မှာ မြန်မာ နိုင်ငံက ဘာသာရေး ပဋိပက္ခ နဲ့ ပတ်သက်ပြီးတွေ့ဆုံဆွေးနွှေးမှာဖြစ်တဲ့အကြောင်းနဲ့၊ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ကို လဲ အရေးယူ ဆောင်ရွက်ပေး ဖို့ တောင်းဆို ထားတယ်လို့ သိရပါတယ်။

From: ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်