Sunday, May 05, 2013

ပြည်တွင်း၌ အကြမ်းဖက် ဖေါက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန် ညွှန်ကြားထား၊ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့် မြို့များ၌ စီမံချက်ဖြင့် စုံစမ်း စစ်ဆေးလျက်ရှိ

Posted by drmyochit Sunday, May 05, 2013, under | No comments

မြန်မာ နိုင်ငံ အတွင်း သို့ ပြည်ပ နိုင်ငံ အချို့မှ အကြမ်းဖက် သမားများ ၀င်ရောက်ပြီး ဖောက်ခွဲ ဖျက်စီး မှုများ ပြုလုပ်ရန် သတင်းများ ရရှိထား သဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား လုံခြုံရေး တိုးမြှင့် ဆောင်ရွက် ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။


မန္တလေး တိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ထွန်းနိုင်က "မြန်မာနိုင်ငံကို ဂျီဟတ် ဆင်နွဲမယ် ဆိုပြီးတော့ ပြောကြားလိုက်တဲ့ အတွက် ကျွန်တော်တို့ တိုင်း အတွင်းမှာ ယခင်ကထက် လုံခြုံရေး ကို ပိုမို ဆောင်ရွက် နေပါတယ်။ မြို့အ၀င် အထွက်တွေမှာလဲ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေ တယ်။ မြို့တွင်းမှာလည်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ တိုင်းတစ်ခုလုံး အနေနဲ့ လုံခြုံရေး ဆောင်ရွက် နေတဲ့ ရဲအင်အားက တစ်ရက်ကို ပျှမ်းမျှဦးရေ ၆၀၀ ကျော်လောက် ရှိတယ်။ ဆူပူမှုတွေ အကြမ်း ဖက်မှုတွေ ပေါက်ကွဲမှုတွေ အကယ်၍ ဖြစ်ပွားလာပြီဆိုရင် ဖြစ်ပွားတဲ့နေရာကို အမြန်ဆုံး ရောက်ရှိ ဖို့ အမြန်ဆုံး စစ်ဆေးဖမ်းဆီး အရေးယူဖို့အတွက် အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်တယ်။ ဗုံးနဲ့ပတ် သက်ပြီးတော့ လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကိုလည်း ဖြည့်ဆည်းပြီးသား ဖြစ်ပါတယ်။ ပြည်သူ တွေ အနေနဲ့လည်း လုံခြုံရေးသတိ အမြဲတမ်းရှိစေဖို့အတွက် ပညာရေး ဟောပြောပွဲတွေမှာ ထည့်သွင်း ပြောကြား နေပါတယ်" ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ဘာလီဗုံးဖောက်ခွဲမှု အကြမ်းဖက်ခေါင်းဆောင် အဘူ ဘာကာ ဘာရှာ၏ တိုက်တွန်းခဲ့မှုကြောင့် အစ္စလာမ်ဘာသာဝင်များ အများစု နေထိုင်သည့် မြို့များတွင် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးများ၏ အစီအမံဖြင့် စီမံချက် ချမှတ်ကာ စုံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး လှမိုးက ပြောပြခဲ့သည်။

မကွေး တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန်က "ကျွန်တော်တို့ မကွေးတိုင်း ဒေသကြီးက အဖြူရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့အတွက် အကြမ်းဖက်မှုတွေ လုံးဝမဖြစ် ပွားအောင် လို့တော့ အစစအရာရာ ကြိုပြီးတော့ စီမံထားတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် အမာခံ သတင်း ပေးတွေ နဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးကို ဆောင်ရွက်နေတယ်။ နေ့စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်တွေ ပူးပေါင်း ပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံးမှာ မော်တော်ယာဉ်တွေနဲ့ လှည့်လည်ပြီးတော့ လုံခြုံရေး ဆောင်ရွက် နေတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က "ပြည်တွင်းကို အကြမ်း ဖက် သမား တွေက ၀င်ရောက်ပြီးတော့ ဖောက်ခွဲဖျက်စီးမှု ပြုလုပ်မယ်လို့ သတင်းရရှိထားပါတယ်။ ဒါကြောင့် လုံခြုံရေး ကို အရင်ကထက် ကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ သူတို့တွေက အခွင့်အရေးရတဲ့ အချိန် ကို စောင့်ပြီးတော့ ဖျက်စီးမှုတွေ ပြုလုပ်နိုင်တဲ့အတွက် အမြဲတမ်း သတိရှိနေဖို့ လိုအပ်ပါတယ်။ အခု နယ်စပ် ဂိတ်ပေါက်တွေမှာ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှုးကြီးမြ၀င်းက "အခုလို ပြောဆိုနေတာတွေကို သတင်းရရှိပြီး ဖြစ်တဲ့အတွက် မြို့ဝင်မြို့ ထွက်တွေ မှာ စစ်ဆေးမှု ပြုလုပ်နေတယ်။ အဓိကတော့ လူစိမ်းတွေ ၀င်တာနဲ့ သတင်းရရှိအောင် ဆောင်ရွက် ထားတယ်။ ဟိုတယ်တွေ၊ တည်းခိုးခန်းတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ သတင်း ကို အမြန်ဆုံး ရရှိဖို့အတွက် ဖြန့်ကြက်ထားပြီး ဖြစ်ပါတယ်။ သတင်းတွေကို လက်ဦးရရှိဖို့အတွက် အလွှာ အသီးသီး ကိုလည်း လုပ်ငန်းစဉ်တွေ အမြန်ဆုံး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်" ဟု သုံးသပ် ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ အတွင်းသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများ၏ ဗီဇာများကိုလည်း စနစ်တကျ စစ်ဆေး လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

"ကျွန်တော် တို့ဌာန အနေနဲ့ နိုင်ငံခြားသားတွေရဲ့ဗီဇာတွေကို နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ စနစ် တကျ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ Black List စာရင်းဝင်တဲ့ သူတွေကိုတော့ အဓိကထားပြီး စောင့်ကြည့် စစ်ဆေး နေပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရုံး အဖွဲ့ မှူးဖြစ် သူ ဦးသန်းနိုင်ထွန်းက ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ကြီး ခုနစ်ဖွဲ့ရှိပြီး ယင်းတို့မှာ မှုးခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာ ရဲတပ် ဖွဲ့၊ ရထား ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ် ဖွဲ့တို့ဖြစ် ကြောင်း သိရှိရသည်။


(ပဋိပက္ခဖြစ်စဉ်နှင့် အကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ရဲတပ်ဖွဲ့မှ လေ့ကျင့်နေမှုကို မတ်လ အတွင်း က တွေ့ရစဉ်)

(ဓာတ်ပုံ - ၀င်းမြင့်ကျော်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်