Sunday, May 05, 2013

ဦးရဲထွဋ်ပြောတဲ့ မြန်မာနိုင်ငံကို ဂျီဟဒ် ခြိမ်းခြောက်မှုနဲ့ မီဒီယာအကြောင်း

Posted by drmyochit Sunday, May 05, 2013, under | No comments


မြန်မာနိုင်ငံအပေါ် အစ္စလမ်မစ် ဂျီဟဒ် စစ်ပွဲ ဆင်နွှဲဖို့ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်း ဖောက်ခွဲ မှုနဲ့ စွပ်စွဲ ပြစ် ဒဏ် ကျခံနေရသူ ဘာသာရေး ခေါင်းဆောင်က ခြိမ်းခြောက် ပြောဆိုမှုနဲ့ပတ်သက်ပြီး ပြည်တွင်း သ တင်း ဂျာနယ် ရဲ့ ဖော်ပြချက် အပေါ် သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့အမြင်ကို ရေးသား ထားပါတယ်။

ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာကတော့ .....

ပြည်တွင်း က ပုံနှိပ်မီဒီယာမီဒီယာအချို့နဲ့ အင်တာနက်မီဒီယာများမှာ ပြည်ပနိုင်ငံများက အစ္စလမ် စစ်သွေး ကြွ ဝါဒီ အချို့က မြန်မာ နိုင်ငံ အပေါ် ဂျီဟဒ်စစ် ပွဲ ဆင်နွဲဖို့ ပြောဆို ချက်များကို ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြ ခဲ့တာ တွေ့ရပါတယ်။

ဂျီဟဒ် စစ်ပွဲ ဆင်နွဲ မယ်လို့ ပြောနေတဲ့ ပြည်ပက အစွန်းရောက်ဝါဒီများရဲ့ ပြောဆိုချက် ၊ လုပ်ဆောင်ချက် များဟာ မြန်မာနိုင်ငံအတွင်းမှာ အေးချမ်းစွာနေထိုင်လိုတဲ့ အစ္စလမ် ဘာသာဝင်များရဲ့ ပုံရိပ်ကို ထိခိုက် စေပါ တယ်။

ဒီလို ပြောဆို မှုများဟာ အစ္စလမ်ဘာသာ အပေါ် နားလည်မှုလွဲမှားစေနိုင်တဲ့အတွက် ကျွန်တော်တို့အားလုံး ကြိုးပမ်း ဆောင်ရွက် နေတဲ့ မတူကွဲပြားတဲ့ လူမှုအဖွဲ့အစည်းများ နားလည်မှုတည်ဆောက် ရေး၊ ငြိမ်းချမ်း စွာ၊ သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးလှုပ်ရှားမှုများကိုလည်း ထိခိုက်စေပါတယ်။

ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအ၀န်းနှစ်ခုကြားမှာ သံသယတွေပိုမိုများပြားလာအောင် ရည်ရွယ် ချက် ရှိရှိနဲ့ ဆောင်ရွက်တာလည်း ဖြစ်နိုင်တဲ့ အတွက် ကျွန်တော်တို့အားလုံးက သတိရှိရှိနဲ့ တုန့်ပြန် ဖို့လို ပါတယ်။

မီဒီယာ များ အနေနဲ့ ဒီလို ပြောဆို ချက်များကို သတင်း ရေးသားတဲ့ အခါမှာလည်း ဗုဒ္ဓဘာသာ ၀င်တွေ ကြား မှာ ထိတ်လန့် မှုတွေ၊ သံသယတွေပိုများလာအောင် ရေးသားတာမျိုးမဖြစ်စေရန် သတိထား သင့်ပါတယ်။

အဲဒီလို ပြောဆိုမှု တွေကို သက်ဆိုင်ရာနိုင်ငံအစိုးရများက လက်မခံဘူးဆိုတာလည်း သတိပြု စေလိုပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့ အစည်း များရဲ့ ခေါင်းဆောင် များရဲ့ ဒီလို အကြမ်းဖက်တဲ့အယူအဆများအပေါ် သဘောထား ကိုလည်း မေးမြန်းဖော်ပြပေးနိုင်ရင် ပိုသင့် တော်မယ် လို့ ထင်ပါတယ်။

အခုလို ထိလွယ်ရှ လွယ်တဲ့ အခြေ အနေမျိုးမှာ ပုံနှိပ် မီဒီယာ များရော၊ အင်တာနက်မီဒီယာ များက ပါ Conflict Sensitive Journalism သဘောတရားလေးကို နှလုံးသွင်းထားသင့်ကြောင်း မေတ္တာ ရပ်ခံ တိုက်တွန်း အပ် ပါတယ်။

ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်