Sunday, May 05, 2013

သီရိ လင်္ကာနိုင်ငံမှ မွတ်ဆလင် နိုင်ငံရေး ခေါင်းဆောင် တစ်ဦးအား ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာနမှ ဖမ်းဆီးခဲ့

Posted by drmyochit Sunday, May 05, 2013, under | 1 comment



သီရိ လင်္ကာနိုင်ငံမှ မွတ်ဆလင် နိုင်ငံရေး ခေါင်းဆောင် တစ်ဦးအား ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာနမှ မေလ ၂ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု သိရှိရပါသည်။

မွတ်ဆလင် တမီးလ် အမျိုးသား အဖွဲ့ ခေါင်းဆောင် Colombo ဒေသန္တရ အုပ်ချုပ်ရေး ကောင်စီ၏ အဖွဲ့ဝင်ဟောင်း Azath Salley အား ၎င်း၏နေအိမ် အပြင်ဘက်တွင် ဖမ်းဆီးခဲ့သည်ဟု ဒေသခံ ရဲတပ်ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် Budhika Siriwardena က ပြောကြား ခဲ့ပါသည်။ လွန်ခဲ့သော မတ်လအတွင်း ကလည်း Azath Salley အား စုံစမ်းစစ်ဆေးရေး ဌာနမှ ဖမ်းဆီး ခဲ့ပါသည်။ သို့သော် Azath Salley ၏ ရှေ့နေများသည် ၎င်းအား အာမခံဖြင့် ထုတ်ယူခဲ့ပါသည်။ မတ်လအတွင်း၌ပင် Azath Salley အား စုံစမ်းစစ်ဆေးရေးဌာနသို့လာရောက်ရန် ရဲတပ်ဖွဲ့မှ သမ္မန်စာပေးပို့ခဲ့ပါသည်။

သို့သော် Azath Salley သည် ရဲတပ်ဖွဲ့သို့ သွားရောက်ခြင်း မရှိခဲ့ပေ။ တစ်ချိန်တည်းမှာပင် Azath Salley သည် သီရိလင်္ကာ အစိုးရသည် မွတ်ဆလင်များအား ဖိနှိပ်ရန်အတွက် ဆောင်ရွက်လျက် ရှိသည် ဟူသော စာတစ် စောင်အား ကုလသမဂ္ဂသို့ တင်သွင်းခဲ့မှုနှင့်ပတ်သက်၍ ၎င်းအား ရဲတပ်ဖွဲ့မှသမ္မန်စာ ပေးပို့ခြင်း ဖြစ်ကြောင်း သံသယရှိခဲ့ ပါသည်။

Salley မှ ကုလသမဂ္ဂသို့ တင်သွင်းခဲ့သော တင်ပြချက်တွင် သီရိလင်္ကာ နိုင်ငံရှိ မွတ်ဆလင် လူနည်းစု၏ လူ့ အခွင့် အရေး များကို တိုးမြှင့်ပေးရန်နှင့် လူနေမှု အခြေအနေ များကို နိုင်ငံတကာ စံချိန်စံညွှန်း များ နှင့် အတူ ဆောင်ရွက်ပေးနိုင်ရန် တောင်းဆို ထားသည်ဟု သိရှိရပါသည်။

ဗဟုသုတဟင်းပေါင်းအိုးကြီး 

1 comments:

မွတ်ဆလင်တွေဘယ်မှာနေနေငါတို့မြန်မာမှာမရှိဖို့ကအရေးကြီးတယ်

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်