Sunday, May 05, 2013

လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများသည် တကယ်လိုအပ်၍ ဖြစ်ပွားခြင်းဖြစ်ကြောင်း သမ္မတ သုံးသပ်ပြောကြား

Posted by drmyochit Sunday, May 05, 2013, under | No comments


ရန်ကုန်၊ မေ ၅။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ (၁၈)ပါတီတို့ တွေ့ဆုံ မှုတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေမှ လက်ရှိဖြစ် ပွားနေသည့် လက်ပံတောင်းတောင်အရေးကိစ္စနှင့် တပ်မတော် အစိုးရ လက်ထက် တွင်း မြေသိမ်းယာသိမ်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြမှု များရှိကြောင်း သိရပြီး နိုင်ငံ တော် သမ္မတ ကလည်း လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများသည် အမှန်တကယ်လိုအပ်ချက်များ ရှိခြင်း ကြောင့် သာ ဖြစ်ပွားခြင်းဖြစ်ရာ ယခင်အချိန်ကလိုမျိုး နိုင်ငံမငြိမ်သက်စေရန်ရည်ရွယ်သည့်  ကိစ္စရပ် များမ ဟုတ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကို တင်ပြဖို့ တစ်ပါတီကို ၅မိနစ်ပဲ ပေးတယ်။ အဲဒီမှာ ကျွန်တော်က ပထမ ဦးဆုံး တစ်ခု အဖြစ် ကိုရမ်ကျမ်းနဲ့ ပတ်သက်ပြီး တင်ပြတာ။ အဲဒါကိုတော့ မတင်ပြပါနဲ့ ဘာသာရေးကိစ္စကို လှုံ့ဆော် သလိုမျိုး ဖြစ်သွားလိမ့်မယ်ဆိုလို့ ကျွန်တော်လည်း ဆက်ပြီး မတင်ပြတော့ပါဘူး။ ကျန်တာ ကတော့ လက်ပံတောင်းကိစ္စကို တင်ပြပါတယ်။ အဲဒီလို တင်ပြတဲ့အခါမှာလည်း အခုဆန္ဒပြ နေကြတဲ့ လူတွေ က တကယ် လိုအပ်လို့ပြတာလို့ပဲ မြင်တယ်ဆိုတဲ့အကြောင်းနဲ့ အရင်ကလို ဆူပူချင်တဲ့ရည်ရွယ်ချက် မရှိဘူး ဆို တာကို သုံးသပ်တဲ့အထဲမှာ ထည့် ပြောသွားပါတယ်”ဟု ၎င်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယင်းပြင် လက်ပံတောင်းတောင် လျော်ကြေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ် ဓါတ်ငွေ့ ပိုက်လိုင်း လျော်ကြေး အနေ ဖြင့် တဧကလျှင် သိန်း ၅၀ခန့် ရှိ ကြောင်းနှင့် ပြန်လည်စိုက်ပျိုးမှုများ ရှိသည့်အတွက် လက်ပံတောင်း ကိစ္စ တွင်လည်း ယင်းကဲ့သို့ လျော်ကြေးပေးရန်အတွက် အစီစဉ်ရှိမရှိဆို သည့်အချက်နှင့် တပ်မတော် အစိုးရ လက်ထက် တွင်လည်း သိမ်းဆည်းခံထားရသည့် လယ်ယာမြေကိစ္စရပ်များအား တင်ပြထားကြောင်း အထက်ပါ ပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံမှု၌ တိုင်းရင်းသားပါတီအချို့မှလည်း လက်ရှိအချိန်တွင် ‘ဝ’လူမျိုးအနေဖြင့် ဗမာ လူမျိုး အပေါ် မည်ကဲ့ သို့ ထိန်းချုပ်မှု ရှိမရှိနှင့် တရုတ်လူမျိုးဘက်တွင်လည်း မည်ကဲ့သို့ ထိန်းချုပ်မှုရှိမရှိဆိုသည့် အချက် များနှင့် စပ်လျဉ်း၍လည်း တင်ပြပြောဆိုကြကြောင်း သိရပြီး ငြိမ်း ချမ်းရေးကိစ္စရပ်များနှင့် စပ်လျဉ်း ၍ တင်ပြပြော ဆို မှုများရှိကြောင်း သိရသည်။

ထို့နောက် ရပ်ကျေး/မြို့နယ်အုပ်ချုပ်ရေးများ၏ အဂတိလိုက်စားမှုအပါအဝင် ဥပဒေလုပ်ဆောင်မှုများနှင့် စပ်လျဉ်း ၍လည်း လက်ရှိ နိုင်ငံတော် သွားနေသည့် လမ်းကြောင်းအား အနှောက် အယှက် ရှိနေသည် ဆိုသည့် ကိစ္စရပ်အပေါ် နိုင်ငံရေး ပါတီများက တင်ပြ ပြော ဆိုရာ၌ နိုင်ငံတော် သမ္မတမှလည်း ယင်းကိစ္စ ရပ်အား သေချာ ထိထိ ရောက်ရောက် လုပ်ဆောင်အရေးယူသွား ရန်ရှိကြောင်း ထည့်သွင်း ပြောကြား သွားသည်။

“အခု လက်ရှိမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ဆောင် နေတယ်ဆို တဲ့အ ကြောင်းကို ပြောပြတာပါ။ ပြီးတော့ သူ့ရဲ့ရည်ရွယ်ချက်အနေနဲ့ကလည်း အခုချိန်မှာ ဒီမိုကရေစီ နည်းကျကျ လုပ်နေပြီ ဆိုတဲ့ အကြောင်းနဲ့ နှစ်ပေါင်း ၆၀အတွင်း တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေနဲ့ အကုန် လုံး နီးပါး လုပ်ဆောင်တဲ့အကြောင်းတွေလည်း ပြောဆိုသွားပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) အတွင်းရေး မှူး ဒေါ်သန်းသန်းနုက ပြောကြားသည်။

ယင်းသို့ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားပါတီများအပါအဝင် ပြည်တွင်းနိုင်ငံရေးပါတီ (၁၈)ခုနှင့် တွေ့ဆုံ မှု၌ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမှ တက်ရောက်ကာ လာမည့်၂၀၁၅ ရွေးကောက် ပွဲတွင် ရိုဟင်ဂျာ လူမျိုး ဆိုသည့် နာမည်နှင့် ပါတီတစ်ခု လာရောက် လျှောက် ထားမည်ဆိုပါက လုံးဝလက် ခံမည် မဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားကြောင်း သိရပြီး အောက်ခြေ အစိုးရ ဝန်ထမ်းများ အနေ ဖြင့် လက်ရှိအချိန်အထိ ပီပီပြင်ပြင်လုပ်ဆောင်ခြင်းမရှိသည့်အ ပြင် ပြည်သူနှင့် ဆက်ဆံရေး ပိုင်းတွင်လည်း အဆင်မပြေမှုများ ရှိကြောင်းနှင့် စပ်လျဉ်း၍ တင်ပြပြောဆိုမှုများရှိကြောင်း ၎င်း က ဆက် လက်ပြောကြားသည်။

ယင်းတွေ့ ဆုံမှုအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဝင်း၌ မေလ ၅ရက်နေ့ နံနက် ၁၀ နာရီ ခွဲမှ မွန်းလွဲ ၁နာရီခွဲ အထိ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် ဦးအောင်မင်း တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

TMAံ
မြန်မာ့ခေတ်  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်