Sunday, May 05, 2013

Posted by drmyochit Sunday, May 05, 2013, under | No comments


တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ် ပြင်ဆင်ရန် စီစဉ်နေ

မြန်မာနိုင်ငံပညာရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုများတွင် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးစနစ် ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတဒေါက်တာ 
စိုင်းမောက်ခမ်းက ယနေ့ပြောကြားသည်။

ပြည်တွင်း၊ ပြည်ပ ပညာရှင်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များ က ဝေဖန်ထောက်ပြလျက်ရှိသော တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးစနစ်နှင့် ပတ်သက်၍ 
အစိုးရအဖွဲ့ကထုတ်ဖော်ပြောကြားလာခြင်းဖြစ်သော်လည်း မည်သည့်စနစ်ဖြင့် ပြင်ဆင်မည်ကို မူပြောကြားခဲ့ခြင်းမရှိပေ။

အဆင့်မြင့် ပညာရေး ကဏ္ဍ အာဆီယံ အဆင့်ဖြစ်ရန် ပြင်ဆင်မှုများနှင့် ပတ်သက်ပြီးပြောကြားရာတွင်“ပုဂ္ဂလိက အခန်းကဏ္ဍကို အားပေးဖို့၊ လွတ်လပ်သော စီမံခန့်ခွဲမှုဖော်ဆောင်ဖို့၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေး စနစ်ပြင် ဆင်ဖို့၊ အင်္ဂလိပ်စာတိုးမြှင့်သင်ကြားရေးနှင့် စက်မှုသက်မွေးပညာကဏ္ဍကို တိုးမြှင့် 
အားပေး ဆောင်ရွက် လျက်ရှိ တာကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်”ဟု ဒုတိယသမ္မတက ပြောကြားခဲ့ခြင်း ဖြစ် သည်။

မြန်မာ တက္ကသိုလ် အာရှ အဆင့်မီ ရန်အတွက် အလားအလာ အကောင်းဆုံး တက္ကသိုလ် သုံးလေးခုကို ဦးတည် ချက် ထားကာ ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက် တာမြအေး ကလည်းပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံတွင် ၀န်ကြီးဌာန သုံးခုကစီမံခန့်ခွဲသော တက္ကသိုလ်၊ ကောလိပ် ၁၆၈ ခု ရှိပြီးဖြစ်သော်လည်း ကမ္ဘာ့ အဆင့် မဆို ထားနှင့် အာရှ အဆင့်မီသော  တက္ကသိုလ်တစ်ခုမှ မရှိကြောင်း၊ ၀န်ကြီး ဌာနများက ကိုယ်ပိုင် စီမံ ခန့်ခွဲမှု များဖြင့် တာဝန်ယူဖွင့်လှစ်နေခြင်းဖြစ်သည့်အတွက်စံနှုန်းအမျိုးမျိုး ဖြစ်နေကြောင်း၊ 
ယင်း အခြေ အနေကြောင့် ပညာရေးတွင် ပင်မဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်လည်းလွှတ်တော်က တိုက်တွန်း ထားသည်။

From: 7 Day News Journal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်