တောင်အာဖရိက၏နာမည် ကျော်ကရူဂါအမျိုးသားဥယျာဉ် တွင် အရက်မူး သမား တစ်ဦးက တော ဆင်ရိုင်း တစ်ကောင် ထံသို့ တစ်ဟုန် ထိုးပြေး လွှားသွား ခဲ့သည့် ဗွီဒီယိုပုံအား အင်တာနက်တွင် လွှင့်တင်ပေးခဲ့သဖြင့် အုတ်အော် သောင်းနင်းဖြစ်ခဲ့ရသည်။
ကနဦးတွင်ထိုသူအား ကမ္ဘာလှည့်ခရီးသည်တစ်ဦးဟု ထင်မှတ် ခဲ့သော် လည်းထို သူသည် နားရက် ရရှိ ထား သည့် လမ်းပြ ၀န်ထမ်း တစ်ဦးသာဖြစ်ကြောင်း၊ ၎င်း၏လုပ်ရပ်ကြောင့်ထိုသူအား သဘာ ၀ဘေးမဲ့ ဥယျာဉ် တွင် အလုပ် ဆက်လက်ခန့်ထားခြင်းမပြုတော့ ဘဲအလုပ်မှထုတ်ပယ်ခဲ့ကြောင်း အခြား ပါဝင် ပတ်သက်နေ သူများ အားလည်း စည်းကမ်းပိုင်းဆိုင် ရာများအတိုင်းဆက်လက်ဆောင် ရွက်လျှက်ရှိကြောင်း အမျိုးသား ဥယျာဉ် မှပြောကြား လိုက်သည်။
လွှင့်တင်ထားသောဗွီဒီယိုပိုင်း တွင် သိသိသာသာအရက်မူးနေ သူကကားတွင်းမှထွက်၍တောဆင် ရိုင်း ထံသို့ တစ်ဟုန်ထိုးပြေးလွှား သွားသည်ကိုအပေါင်းအသင်းများ က အားပေးနေကြပြီး၊ထိုသူ သည် ပြေး လွှား ရင်း လဲကျသွားသော်လည်း ပြန်ထ၍ဆင်ရှိရာသို့ထပ်မံပြေး သွားသည်ကိုတွေ့ရှိရသည်။
“ဆင်ဆီ ကိုတည့် တည့်ပြေး” ဟုအော်ဟစ်လိုက်သောအသံတစ် သံကိုလည်းကြားရပြီး ထိုသူမှာ ဗီဒီယို ရိုက်ကူးနေ သူဖြစ်ဟန် တူ သည်။ ဆင်ရိုင်းသည် ပထမတွင် နှာမောင်း အားရှေ့သို့ ရမ်းလိုက် သော်လည်း ချက်ချင်းပင်လွှတ်ရာသို့ ရှောင်တိမ်းသွားခဲ့သည်။ ထိုအချိန် ကျမှအရက်မူးသမားသည်သူ့အား အားပေးနေ သည့် အပေါင်း အသင်း များထံသို့လေထဲတွင်လက်သီး လက်မောင်းတန်း၍ ပြန်လာခဲ့ သည်။
ထိုဗွီဒီယို ပိုင်း ကလေးသည် ဘေးမဲ့ဥယျာဉ်၏ လမ်းညွှန်မှုများ နှင့်လုံးဝဆန့်ကျင်နေသဖြင့်များစွာ စိတ်ပျက် မိကြောင်း၊ ဟက်တာ နှစ်သန်းကျယ်ဝန်းသော သဘာဝ ဘေးမဲ့ဥယျာဉ်အတွင်း တိရစ္ဆာန် ရိုင်းများ သည် တစ်ခါ တစ်ရံလာ ရောက်လည်ပတ်သူများအား တိုက်ခိုက်တတ်ကြောင်း၊ဆင်များ မှာ လာရောက်ကြည့် ရှုသူများ ၏ မော်တော်ယာဉ်များ အားမှောက်ပစ် တတ်သည်ကို သိရှိ ထားကြကြောင်း ဘေးမဲ့ ဥယျာဉ် မှပြေကြား လိုက်သည်။
Source: Yahoo! News
ဥက္ကာအောင်
From: The Hot News
Monday, May 20, 2013
အရက်မူးသမားကဆင်ရိုင်းထံသို့တဟုန်ထိုးပြေးသွား
Posted by drmyochit
Monday, May 20, 2013, under နိုင်ငံတကာသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment