Monday, May 20, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် CNN နှင့် Washinton Post သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေများကို ရှင်းလင်းဖြေကြား

Posted by drmyochit Monday, May 20, 2013, under | No comments






နေပြည်တော် မေ ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ(၁၉)ရက် ဒေသစံတော်ချိန် ညနေ (၄) နာရီတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ခေတ္တတည်းခိုသည့်  Four Seasons Hotel ၌ CNN တင်း ဌာနမှ နိုင်ငံတကာရေးရာ သတင်းထောက်ချုပ် Mrs. Chiristiane Amanpour နှင့်     Washinton Post သတင်း စာမှ အယ်ဒီတာ Mr. Fred Hiatt နှင့် နိုင်ငံရေးဆိုင်ရာ သတင်းထောက် Mrs. Anne Gearan တို့အား လက်ခံတွေ့ ဆုံ၍ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေများနှင့် ပတ် သက်ပြီး မေးမြန်း သည်များ ကို ပြန် လည် ရှင်းလင်း ဖြေကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အမေရိကန်အသံ(VOA) အဆောက်အအုံ၌ အမေရိကန် ရောက် မြန်မာ အသိုင်းအဝိုင်းနှင့် တွေ့ဆုံသည်။
       
ထို့နောက် နိုင်ငံတော်သမ္မတသည် ဝါရှင်တန်မြို့ရှိ ဂျက်ဖာဆင်ဟိုတယ်(Jefferson Hotel) ၌ Think-Tank အဖွဲ့ အစည်းဖြစ်သည့် Center for Strategy and International Study (CSIS) အဖွဲ့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။ 






From : ..သမ္မတရုံး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်