Monday, May 20, 2013

ပအို့ဝ်တောင်သူတစ်ဦး PNO လက်မှ ထွက်ပြေးလွတ်မြောက်သော်လည်း NLDပါတီမှနှုတ်ထွက်ရန် လက်နက်ဖြင့် ဖိအားပေးလျက်ရှိ

Posted by drmyochit Monday, May 20, 2013, under | No comments

တောင်ကြီး၊ မေလ ၂၀။


မေလ ၁၈ရက်နေ့တွင် ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO)လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွား သည့် တောင်ကြီး ခရိုင် မောက်စံ ကျေးရွာမှ ပအို့ဝ်တိုင်းရင်းသား တောင်သူတစ်ဦးသည် အဆိုပါနေ့ကပင် ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရပြီး လက်ရှိအချိန်တွင် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ သည် ရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်များအား လက်နက်ဖြင့် ဖိအားပေး ခြိမ်း ခြောက် ကာ ပါတီမှနှုတ်ထွက်ခိုင်းမှုများရှိကြောင်း တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင် ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ဒီလ ၁၈ရက်နေ့မှ PNO ကဖမ်းသွားတဲ့ ပအို့ဝ်တိုင်းရင်းသားတောင်သူတယောက်ကတော့ အဲဒီနေ့ကပဲ ထွက်ပြေးပြီး တခြားနေ ရာမှာ သွား ပုန်းနေပါတယ်။ ပြီးတော့ အခုရက်ပိုင်းတွေမှာ PNO လက်နက်ကိုင်တွေ က ရွာထဲ ဝင်ပြီး အတင်း လက်နက် နဲ့ခြိမ်းခြောက်ပြီး ထွက် ခိုင်းပေမယ့် ပါတီဝင်တွေကလည်း မထွက်ပါ ဘူး”ဟု ၎င်းက ပြော ကြားသည်။

အဆိုပါ PNO လက်နက်ကိုင်တပ်ဖွဲ့မှ NLD ပါတီဝင်များအား နှုတ်ထွက်ခိုင်းသည့် မောက်စံကျေးရွာတွင် NLD ပါတီ ဝင် ပေါင်း ၂၀၀နီးပါး ခန့် ရှိကြောင်း သိရပြီး ယခုကဲ့သို့ လက်နက်ဖြင့် ဖိအားပေးကာ ပါတီတွင်း မှ နှုတ်ထွက် ခိုင်းသည့် အတွက် အ သက်အန္တရာယ်စိုးရိမ်ရကာ ကြောက် ရွံ့၍ နှုတ်ထွက် သွားသည့် သူဦးရေ သည် NLD ပါတီဝင် ၁၀၀နီးပါးခန့်ရှိသည့် ဆတ်သေကျေးရွာနှင့် မြေမဲကျေးရွာမှ ပါတီဝင်ပေါင်း ၅၇ဦးခန့် နှုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များအား လက်နက်ဖြင့် ဖိအား ပေးနှုတ်ထွက်ခိုင်း ခြင်းမှာ အစိုးရတပ်ဖွဲ့နှင့် ငြိမ်းချမ်းရေးယူပြီးသည့်ကာလနောက်ပိုင်း လယ်ယာမြေပြဿ နာများ ဖြစ်ပွားခဲ့ ရာ NLDပါတီဝင်များက လယ်မြေ များ ပြန်လည်ရရှိရေးအတွက် လွှတ်တော် တွင်ဖွဲ့စည်းလိုက်သည့် လယ်ယာမြေစုံစမ်းစစ် ဆေးရေးကော်မရှင်သို့ တိုင်ကြား လိုက်ခြင်းကြောင့် ဖြစ်ကြောင်း အထက် ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

TMA
@ မြန်မာ့ခေတ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်