Wednesday, May 01, 2013

ပြန်ပေးဆွဲ ခရီးသည်တင် လေယာဉ်အား ဗြိတိသျှ တော်ဝင် လေတပ်မှ တိုက်လေယာဉ် နှစ်စင် ကယ်တင်ရန် ကြိုးပမ်း

Posted by drmyochit Wednesday, May 01, 2013, under | No comments



ဝါရှင်တန် ဧပြီ ၃ဝ

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှ ဗြိတိန်နိုင်ငံ ဘာမင်ဟမ်မြို့သို့ ပျံသန်းလာသည့် Scandin-avian လေ ကြောင်း လိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စင်းသည် ပျံသန်းနေစဉ် အတွင်း မြေပြင်နှင့် အဆက် အသွယ် ပြတ်တောက် ခဲ့သောကြောင့် ၄င်းလေယာဉ်အား ပြန်ပေးဆွဲ ခံရသည် ဟု ယူဆ ခဲ့ပြီးနောက် ဗြိတိသျှ တော်ဝင် လေတပ် RAF မှ တိုက်လေယာဉ် နှစ်စင်းက  ဧပြီ ၁၈ ရက်တွင် အဆိုပါ လေယာဉ်အား ကြားဖြတ် ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ဘော်စတွန် မြို့တွင် ဧပြီ ၁၅ ရက်က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်းလေယာဉ်ကို အကြမ်း ဖက် တိုက်ခိုက်ရာတွင် အသုံးပြုမည်ဟု ယူဆပြီး  စကော့တလန် ပြည်နယ် အီဖီမြို့ရှိ ဗြိတိသျှ တော် ဝင် လေတပ်မှ တိုက်လေယာဉ် နှစ်စင်းသညှ် Scandin-avian လေယာဉ်နှင့် အနီးကပ် ပျံသန်း ခဲ့ရ သည်။

မြေပြင်ရှိ လေတပ်မှ တာဝန်ရှိ သူများက တိုက်လေယာဉ် တစ်စင်းမှ လေယာဉ်မှူးများအား ခရီးသည်တင် လေယာဉ် ပေါ်၌ အကြမ်းဖက် သမားများရှိ၊ မရှိ အခြေအနေကို မေးမြန်းခဲ့ရာ  ၄င်းလေယာဉ်မှူးက လေယာဉ် ပေါ်မှ လူအချို့သည် မိမိတို့ လေယာဉ်နှစ်စင်းကို ဓာတ်ပုံရိုက် နေကြောင်း၊  ပြန်ပေးဆွဲသူများ ရှိနေ သည်ဟု ယူဆကြောင်း သတင်း ပေးပို့ခဲ့သည်။

စင်စစ်တွင် အဆိုပါ ခရီးသည်တင် လေယာဉ်မှ အချက်ပြ ရေဒီယို ချွတ်ယွင်းမှုကြောင့် မြေပြင်ရှိ လေ ကြောင်း ထိန်းချုပ်ရေး စခန်းနှင့် ဆက်သွယ်နိုင်ခဲ့ခြင်း မရှိကြောင်းကို တိုက်လေ ယာဉ်မှူး က နောက်ဆုံး တွင် နားလည် သဘော ပေါက်သွားကြောင်း Sunday Mirror သတင်း ဌာနက ထုတ်ပြန်ခဲ့သည်။

ထို့နောက် အဆိုပါ ခရီးသည်တင် လေယာဉ်သည် တိုက်လေယာဉ် နှစ်စင်း ခြံရံကာ ဂလက်စကို မြို့ရှိ ပရက်စ်ဝစ်ခ် လေဆိပ်သို့ ဆင်းသက်နိုင်ခဲ့ပြီး ၄င်းလေယာဉ်ပေါ်မှ ခရီးသည်များ အားလုံးကို ရဲတပ်ဖွဲ့က ခေတ္တ ခေါ်ယူ ထားကာ ဖြစ်စဉ်ကို လေယာဉ် မှူးအား စစ်ဆေး မေးမြန်း ခဲ့သည်ဟု သိရသည်။

From: ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်