Wednesday, May 01, 2013

သင်္ကြန်ကြောင့် KIA ဆွေးနွေးပွဲရက်ရွှေ့တာဟုဆို

Posted by drmyochit Wednesday, May 01, 2013, under | No comments


ဧပြီလ အတွင်း က ရက်ရွှေ့ခဲ့ သော KIA နှင့် အစိုး ရ ငြိမ်း ချမ်း ရေးဆွေး နွေး ပွဲအား မေလ အတွင်း ပြန် စမည် ဖြစ် ကြောင်း သိရသည်။

ငြိမ်းချမ်း ရေး ဆွေး နွေးပွဲ အား တရုတ်နိုင်ငံရွှေလီမြို့တွင် ဆွေးနွေး တော့မည်မဟုတ်ဘဲ မြန်မာနိုင်ငံ မြစ်ကြီး နားမြို့ တွင် သာ ဆွေးနွေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုး တော် ဆောင် အဖွဲ့မှ တာဝန်ရှိသူ ဦးလှ မောင် ရွှေက ပြောကြား သည်။

““အခုတစ်ခါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ မေလဆန်း ပိုင်းမှာလုပ်မယ်မှန်းထားတယ်။ မြစ်ကြီး နားမြို့ မှာ လုပ်မယ့် နေရာ က အတည်တကျမသတ်မှတ်ရ သေးဘူး””ဟု ပြောကြားခဲ့သည်။

““အခု အပြင်မှာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲပျက်တယ်လို့ပြော တယ်။ အမှန်က ဖျက်တာမဟုတ် ပါဘူး။ သင်္ကြန်နဲ့ ကပ်နေ တာနဲ့ ရက်ရွှေ့လိုက်တာဖြစ်ပါတယ်။ ဒီပွဲမှာလည်း အဖွဲ့အစည်းတွေ တော်တော်များများ တက် ရောက် ကြမှာ ဖြစ် ပါတယ်””ဟု ပြောကြား ခဲ့သည်။

အစိုးရနှင့် KIA တို့ မကြာ ခဏ ငြိမ်းချမ်းရေး ဆွေးနွေး နေ သော်လည်း ပြီးခဲ့သော လများ အတွင်း ကချင် ပြည်နယ် မိုင်ဂျား ယန်၊ လိုင်ဇာဒေသများတွင် လေ ယာဉ်အသုံးပြုခဲ့သည်အထိ ပြင်း ထန်သော တိုက်ပွဲများ လည်းဖြစ် ပွားခဲ့ သေးသည်။


ဖြိုးအောင်

From: The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်