Wednesday, May 01, 2013

malacca Highway ကားတင် သင်္ဘောနှင့် မြန်မာ ရေနံ ဓာတု ဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ ရန်ကုန်မြစ် အတွင်း အချင်းချင်း တိုက်မိပြီး မြန်အောင် သင်င်္ဘောမှာ လုံးဝ နစ်မြုပ်သွားခဲ့သည်

Posted by drmyochit Wednesday, May 01, 2013, under | No comments



မြန်အောင် ရေနံတင် သင်္ဘောသည် စက်သုံး ဆီများအား မော်လမြိုင် ဆိပ်ကမ်း သို့ ပို့ဆောင်ပြီး ရန်ကုန် ဆိပ်ကမ်း သို့ ပြန်လာရာ ဧပြီ (၂၈)ရက် နေ့လယ် (၁) နာရီ (၂၀)မိနစ်ခန့်တွင် မှော်ဝန်း မီးပြ ဗော်ယာသို့ ကွေ့လာ စဉ် သီလ၀ါMIPL ဆိပ်ကမ်း၌ မော်တော် ကားများ ချပြီး ရန်ကုန် မြစ်ဝသို့ ပြန်လည် ထွက်ခွာလာ သော Malacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင် သင်္ဘော၏ ၀ဲဘက် အလယ်ပိုင်းတို့ တိုက်မိပြီး မြန်အောင် သင်္ဘော တစ်ဖက်သို့ တိမ်းစောင်းကာ ရေများ ၀င်ရန် မျောပါ သွားခဲ့ပြီးChokey Shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ် ကမ်း)အနီးတွင် လုံးဝနစ်မြုပ်သွားခဲ့သည်။ မြန်အောင်သင်္ဘောပေါ်တွင် သင်္ဘော သား (၁၇)ဦးပါဝင်ပြီး တပ်မတော်(ရေ) မှ စစ် သင်္ဘောနှင့် မြန်မာဆိပ်ကမ်း အာဏာပပိုင် ရေယာဉ်တို့မှ ကယ်ဆယ် ခဲ့သဖြင့် ထိခိုက် သေဆုံးသူ မရှိဟု သိရ သည်။

မြန်မာ့ ရေနံ ဓာတု လုပ်ငန်း ပိုင် မြန် အောင် ရေနံ တင် သင်္ဘောအား ရေယာဉ် မှူး ဦးစံတင် မောင်းနှင် ခဲ့ပြီး Malacca Highway သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး (Pilot-39) တို့က မောင်းနှင် ခဲ့ ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်အား ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာန မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် အခြားတာဝန်ရှိ အဖွဲ့အစည်းအသီးသီးပါဝင်သော စုံစမ်း စစ် ဆေး ရေး ခုံရုံးအဖွဲ့ ဖွဲ့စည်းရန် စစ်ဆေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ညွှန်ကြားရေးမှူး ဦးချို သန်းမောင်က ပြောသည်။


မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
From: The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်