Wednesday, May 01, 2013

လက်ကိုင်ဖုန်းများတွင်ကျယ်လာမှုနှင့်ကျန်းမာရေးအထူးဂရုပြုသင့်

Posted by drmyochit Wednesday, May 01, 2013, under | No comments


 ဧပြီလ (၂၄)ရက်တွင် ငွေ ကျပ် (၁၅၀၀) တန် CDMA 800 MHZဖုန်းများကို ချထားပေးခဲ့ ရာတွင် လူတန်းစား မျိုးစုံ ဖုန်းကိုင် နိုင် သောကြောင့် ဖုန်းများ တွင် ကျယ်လာမှုနှင့်အတူ ကျန်းမာ ရေးရှုထောင့်ကိုလည်း ဂရုပြု သင့် ကြောင်း စားသုံး သူ ကာကွယ် ရေး အသင်းမှ ဥက္ကဋ္ဌ ဗအုပ်ခိုင်က ပြော သည်။

““အခုနောက် ပိုင်း ဖုန်းတွေ က တွင်ကျယ် ကျယ်ဖြစ် လာတယ်။ ကျန်းမာရေး ရှုထောင့် ကိုလည်း ဂရုပြု သင့် တယ်။ တစ်ချို့က အိပ် ရာထဲထည့်အိပ်တယ်။ ဒီလိုထည့်  အိပ်တဲ့အခါမှာ အာရုံကြောနဲ့ ပတ်သက် တဲ့ရောဂါ တွေဖြစ် တတ် တယ်။ သတိမေ့ရောဂါတို့၊ အယ်လ် ဇိုင်းမားရောဂါ(ဦးနှောက်ရောဂါ ဖြစ်တက် တယ်။ တစ်ချို့သမီး ရည်စား တွေ ဖုန်း အကြာကြီးပြော တယ်။ ဒါကိုလည်း ဆင်ခြင် သင့် တယ်။ ဖြစ်နိုင်ရင် နားကြပ် နဲ့ ပြောတာ အကောင်းဆုံးပဲ။ ဒီ အတိုင်းက မဖြစ် မနေ ပြောသင့် တယ်။ သံလိုက် စက်ကွင်း တွေက ဆိုး ကျိုးဖြစ် စေတယ်။ လူတွေ အတွက် မရှိမဖြစ် လိုအပ် ပေမဲ့ ကျန်းမာရေး အရ ဂရုပြုသင့် တယ်””ဟု ၎င်း ကပြော သည်။

၎င်းအပြင် တစ်ချို့သော လူငြီးများမှာ မိမိ၏ ကလေးငယ် များကိုပါ ဖုန်းများဝယ်ပေးလေ့ရှိ ရာ ထိုသို့ ၀ယ် ပေးခြင်းဖြင့် ကလေး ငယ်များ၏ ဦးခေါင်းအရည်ပြား မှာ လူကြီးများထက်ပိုပါးသော ကြောင့် လူကြီး များ ထက် ပို၍ရော ဂါဖြစ်တတ်ကြောင်း၊ အသက် (၁၀)နှစ်အောက်ကလေးများကို ဖုန်းဝယ် ပေးရန် မဆိုထား နှင့် ဖုန်း ဖြင့်ဂိမ်းဆော့ခြင်းကိုတောင် ခွင့် မပြုသင့်ကြောင်း ၎င်းက ဆက် လက်ပြောသည်။



ယဉ်ပပထွန်း
From: The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်