Monday, May 27, 2013

မိတ္ထီလာဖြစ်ရပ်တွင် ဘုန်းတော်ကြီးသတ်မှုဖြင့် အရေးယူခံရသူများ ဘက်က အယူခံဝင်

Posted by drmyochit Monday, May 27, 2013, under | No comments



မိတ္ထီလာမြို့ဖြစ်ရပ်တွင် ဘုန်းတော်ကြီး ဦးသောဘိတကို သတ်ဖြတ်မှုဖြင့် အပြစ်ဒဏ်ကျခံရ သူတို့၏ မိသား စု ဝင်များက အယူခံဝင်ရန် ပြင်ဆင်နေသည်ဟု တရားခံများ၏ ရှေ့နေ ဦးသိန်းသန်းထွန်းက မဇ္စျိမကို ပြော သည်။

တရားရုံးတွင် တရားခံပြ သက်သေများအဖြစ် ကိုဇော်သက်နိုင် ဘက်မှ တစ်ယောက်၊ ကိုရရှီး ဘက်မှ နှစ်ယောက်၊ ကိုမျိုးထွန်းနှင့် ကိုမျိုးညွန့် တို့ဘက်မှ သုံးယောက် လာရောက်ကြရာတွင် ၎င်းတို့ထဲတွင် မျက်မြင် သက်သေများ တစ်ယောက်မှမပါခဲ့ဟု ဦးသိန်းသန်းထွန်းက ပြောသည်။

သက်သေထွက်ချက်များနှင့် ပတ်သက်ပြီး ဦးသိန်းသန်းထွန်းက ''သက်သေထွက်ချက်တွေကို ယုံထိုက် မယုံထိုက် ကတော့ ရုံးရဲ့ကိစ္စပါပဲ၊ ကျွန်တာ့်အတွက်ကတော့ ကျွန်တော့်လူတွေက ဗလီနားမှာ အော်တာတွေ ပဲ ရှိတယ်၊ ဒါက ၁၄၄ ပဲ ဖြစ်သင့်တယ်။ ဆရာတော်ကို သတ်တဲ့နေရာမှာ အားပေးတဲ့ သူတွေမဟုတ်ဘူး။ အဲ့ဒါတော့ ကျွန်တော့် အနေနဲ့ မှန်တယ်လို့ မမြင်ဘူး၊ တရားမျှတတယ်လို့လည်း မပြောချင်ဘူး။ တရားရုံးရောက်တော့ ကျွန်တော်တို့ မယုံကြည်တဲ့ သက်သေတစ်ယောက်ပါတယ်။ ဒါပေမယ့် တရားရုံးက လက်ခံတယ်။ ဒါကတော့ တရားရုံးရဲ့ အခွင့်အရေးပါ။ အဲ့ဒီတစ်ခုပါပဲ ကျန်တဲ့တရားစီရင်တာနဲ့ ပတ်သက်ပြီးတော့ တရားမျှတ ပါတယ်'' ဟု ဆိုသည်။

တရားခံဘက်မှ မိသားစုဝင် တစ်ဦးဖြစ်သူ ဦးသက်ဦးကလည်း လက်ရှိတွင် ရှေ့နေ ဦးသိန်းသန်းထွန်းနှင့် ညှိနှိုင်းလုပ်ဆောင်မှုများ ပြုလုပ်နေပြီး၊ တရားခွင်တွင် သက်သေများ၏ ထွက်ဆိုချက်များမှာ တိကျခိုင်မာသည့် အချက်အလက်များ မရှိသဖြင့် ဆက်လက်ကာ စုံစမ်းမှုများ ပြုလုပ်မည်ဟု ဆိုသည်။

ဦးသက်ဦးက ''တရားလိုဘက်က ထွက်ချက်တွေရော၊ တရားခံဘက်က ထွက်ချက်တွေရော၊ နှစ်ဖက်လုံးမှာ (ဘုန်းတော်ကြီးကို သတ်မှုတွင်) ကိုမျိုးထွန်းပါတယ်၊ ကိုမျိုးညွန့် ပါတယ်ဆိုတာ တိတိကျကျ မပြောနိုင်သေးဘူး။ ဘယ်သက်သေ မှ ထွက်မပြနိုင်သေးဘူး၊ ပေါ်ပေါ်လွင်လွင် မပြောနိုင်ဘူး၊ ကျွန်တော်တို့ ဖြစ်ချင်တာက တကယ် အပြစ်ရှိတဲ့ သူတွေကို အပြစ်ပေးပါ။ သေချာ အပြစ်ပေးပြီး အရေးယူတာတွေပဲဖြစ်ချင်တယ်။ အပြစ်မရှိတဲ့သူတွေကို အပြစ်ပေးတာက သူတို့ရဲ့ ဘဝတွေကို ရိုက်ချိုးပစ်လိုက်သလိုပဲ။ သူတို့ရဲ့မိသားစုတွေလဲ ဒီလိုပဲခံစားနေရတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကတော့ တရားမျှတတယ်လို့ပဲ ယူဆပါတယ်။ အစက သေဒဏ်တောင်ကြားတာ။ အခုက သက်သက်ညှာညှာချတယ်လို့ပဲ ယူဆရမှာပေါ့''ဟု ဆိုသည်။

မဇ္ဈိမ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်