Monday, May 27, 2013

မော်ဝါဒီတွေချုံခိုတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦးသေလို့ဆို

Posted by drmyochit Monday, May 27, 2013, under | No comments

အိန္ဒိယနိုင်ငံ ​ချာတစ်ဂါပြည်နယ်မှာ ​အစိုးရအဖွဲ့နဲ့ ​နိုင်ငံရေးသမားတွေလိုက်ပါလာတဲ့ ​ယာဉ်တန်းတစ်ခုကို ​မနေ့ က ​ရာနဲ့ချီတဲ့လက်နက်ကိုင်တွေက ​ချုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် ​အနည်းဆုံး ​လူ ​၂၃ ​ဦးသေ ဆုံးခဲ့ ရတဲ့ အပေါ် ​အိန္ဒိယက ​အထင်ကရ ​နိုင်ငံရေးသမားတွေက ​ရှုတ်ချပြောဆိုလိုက်ကြပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh နဲ့ အမျိုးသားအကြံပေးအရာရှိ Sonia Gandhi တို့ ဆေးရုံမှာဆေးကုသနေတဲ့ ဒဏ်ရာရသူတဦးနဲ့တွေ့ဆုံစဉ် (Credit: AFP) 

ချုံခိုတက်ခိုက်ခဲ့ကြတဲ့ ​အင်အား ​၃၀၀ ​လောက်ရှိတဲ့ ​လက်နက်ကိုင်တွေဟာ ​မော်ဝါဒီတွေဖြစ်မယ်လို့ ​သုံးသပ်ထားကြပြီး ​ဒီလက်နက်ကိုင်သူတွေက ​မြေမြုပ်မိုင်းတွေထောင်ထားခဲ့ပြီး ​သေနတ်တွေနဲ့လည်း ​ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ​သိရပါတယ်။

တိုက်ခိုက်မှုကြောင့် ​အနည်းဆုံး ​လူ ​၂၃ ​ဦးသေဆုံးခဲ့တဲ့အထဲမှာ ​ကွန်ဂရက်ပါတီရဲ့ ​ဒေသခံပါတီခေါင်းဆောင်နဲ့ ​သားဖြစ်သူတို့ပါဝင်သလို ​ရဲ ​၅ ​ယောက်လည်း ​အသက်ဆုံးခဲ့ရပါတယ်။ ​ဗဟိုအစိုးရအဆင့် ​ဝန်ကြီးတစ်ဦးလည်း ​ဒဏ်ရာရခဲ့တယ်လို့ ​သိရပါတယ်။

ဒဏ်ရာရခဲ့သူတွေဆီကို ​အိန္ဒိယဝန်ကြီးချုပ် ​မာမိုဟန်ဆင်းနဲ့ ​ကွန်ဂရက်ပါတီခေါင်းဆောင် ​ဆိုနီယာဂန္ဒီတို့ ​သွားရောက်အားပေးခဲ့ကြပြီး ​ဆိုနီယာဂန္ဒီက ​သူမအနေနဲ့ ​အထူးဝမ်းနည်းတုန်လှုပ်ရကြောင်း ​ပြောခဲ့ပါတယ်။ ​ဝန်ကြီးချုပ် ​မာမိုဟန်ဆင်းကတော့ ​မနေ့က ​ချုံခိုတိုက်ခိုက်မှုဟာ ​အရိုင်းအစိုင်းဆန်ဆန် ​ဆိုးရွားတဲ့တိုက်ခိုက်မှုဖြစ်တယ်လို့ ​ရှုတ်ချပြောဆိုလိုက်ပါတယ်။

From: ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်