နေပြည်တော် မေ ၂၇
တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှား ၀ါးလ် တိုးဂိတ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် မေ ၂၇ ရက် နံနက် ၂နာရီ ၂၀မိနစ်ခန့်က လားရှိုး မြို့မှ သိန်းနီမြို့ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ၃င/၄၁၂၀ မတ်တူး အဖြူရောင် ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့်စေရာ ယာဉ်မှာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေး၍ ပူးပေါင်း အဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေစဉ် နံနက် ၃နာရီခွဲတွင် သိန်းနီမြို့နယ်၊ မိုင်းလီ အုပ်စု၊ နားဆော့ကျေးရွာ ဘုန်းကြီးကျောင်းရှေ့၌ ယာဉ်အား တွေ့ရှိခဲ့သည်။
အဆိုပါ ယာဉ်အား သိန်းနီမြို့မ ရဲစခန်းတွင် အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်နောက်အဖုံးအတွင်းမှ အမ်-၂၂ ခေါက်ဒင် (၁၁)လက်၊ အမ်-၇၉ (၄၀)မမ ဗုံးပစ် လောင်ချာ (၃) လက်၊ အမ်-၁၆ (၄)လက်၊ အမ်-၂၂ (၃)လက်၊ BERETTA ပစ္စတို (၁) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ(၂၂)လက်နှင့် အမ်-၂၂ ကျည်အိမ် (၂၄)ခု၊ အမ်-၁၆ ကျည်အိမ်(၄)ခု၊ ပစ္စတိုကျည်အိမ် (၂)ခု၊ LUGER အမျိုးအစား ၉-မမ ကျည် (၅၀)တောင့်၊ ၅.၅၆ ကျည် ၂၅၅၉ တောင့်တို့အား သိမ်းဆည်း ရမိခဲ့ပြီး၊ အနီး ပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေရာ နားဆော့ကျေးရွာ အနောက်ဘက် ချုံပုတ် အတွင်းမှ အမ်-၂၂ သေနတ် (၁၀)လက်အား ထပ်မံ သိမ်းဆည်းရမိခဲ့ပါသည်။
၎င်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအား ဖမ်းဆီးရမိရေး တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင် များက စုံစမ်း ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
Monday, May 27, 2013
လားရှိုးမြို့နယ် အတွင်း လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ
Posted by drmyochit
Monday, May 27, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon









0 comments:
Post a Comment