Monday, May 27, 2013

ဘင်္ဂါလီမိသားစုများအား တစ်အိမ်ထောင် ကလေးနှစ်ယောက်မူဝါဒချမှတ်

Posted by drmyochit Monday, May 27, 2013, under | No comments



ရန်ကုန်၊ မေ- ၂၆

ဘင်္ဂါလီ များ၏ လူဦးရေ ပြန့်ပွားနှုန်းကို ထိန်းချုပ်ရန် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဘင်္ဂါလီ
တစ်မိ သား စုလျှင် ကလေးနှစ်ယောက်နှုန်းသာယူရန် ဒေသဆိုင်ရာ အမိန့်ထုတ်ပြန်ထားကြောင်း
ရခိုင်ပြည် နယ် အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

“တစ်ပတ်လောက်ရှိသွားပြီ။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးနဲ့ ကွပ်ကဲမှုဌာန (နစက)က ထုတ်ပြန်တာ”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်ကပြောသည်။ အဆို ပါ ထုတ်ပြန်ချက်တွင် ဘင်္ဂါလီများအနေဖြင့် အသက် (၁၈) နှစ် မပြည့်မီ လက်ထပ် ထိမ်းမြားခြင်း မပြုရန်၊ ဘင်္ဂါလီ အချင်းချင်း လက်ထပ် ထိမ်းမြားလိုပါက နစက၏ခွင့်ပြုချက်တောင်းခံရန်၊ မိသားစု တစ်စု လျှင် ကလေးနှစ်ယောက်နှုန်း သာယူရန်၊ ဘင်္ဂါလီအမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ယောက် သာယူ ရန်တို့ ပါဝင်ကြောင်း ရခိုင်ပြည်နယ်  လူဦးရေစာရင်းကောက်ခံရေး ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင် ဦးသန်း ထွန်းက ပြောသည်။

“ဒီဥစ္စာရှင်းပါတယ်။ လူ့အခွင့်အရေးနဲ့ဆက်နွှယ်နေတဲ့ ကိစ္စပဲ။ ဒါကိုလုံးဝဆန့်ကျင်တယ်။ နောက်ပြီး
ရခိုင်ပြည် နယ်မောင်တော၊ ဘူးသီးတောင်ဒေသတစ်ခုကိုကွက်ပြီး မလုပ်ရဘူးလေ။ လုပ်ချင်ရင် တစ်နိုင်ငံ
အတိုင်း အတာနဲ့ လုပ်။ ဒါကို ကျွန်တော်တို့ပါတီအနေနဲ့ လုံးဝ ကန့်ကွက်တယ်။ လုံးဝလက်မခံ နိုင်ဘူး။
ဒါသက် သက် လူမျိုးတွေ အပေါ် တစ်နည်းအားဖြင့် အနိုင်အမင်းစော်ကားခြင်းပဲဗျ”ဟု အမျိုးသားဖွံ့ဖြိုး
တိုးတက်ရေး ပါတီပြောကြားရေး တာဝန်ခံ ကိုစလင်းက ညွှန်ကြားချက်အပေါ်တုံ့ပြန်ပြောသည်။

ထိုသို့ ဘင်္ဂါလီများ၏ လူဦးရေ ထိန်းချုပ်ခြင်းအတွက် အရင်အစိုးရ လက်ထက်၌ လုပ်ဆောင်ခဲ့သော် လည်း
လက်ရှိအချိန်တွင် ပိုမိုထိ ရောက်ရန် တရားဝင် အမိန့်ထုတ် ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဦးသန်းထွန်း က ပြောသည်။

သို့သော် လူဦးရေထိန်းချုပ်မှုကို ပိုမိုထိရောက်ရန် ဘင်္ဂါလီများ နေထိုင်သော နေရာများတွင် အချုပ် အခြာ အာဏာ စိုးမိုး မှုရှိအောင် ဆောင်ရွက်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစီးကာ သားဆက်ခြား ကျန်းမာရေး အသိပညာပေးမှုများ ကို ထိထိရောက်ရောက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဦးသန်း ထွန်းက ဆက်လက်ပြောကြားသည်။

“အဓိက အမျိုးသမီးတွေက ပညာမတတ်ဘူး။ အရွယ်ရောက် တာနဲ့ သူတို့မိဘနဲ့ မော်လ၀ီဆရာ တွေက
ကျောင်းပေး မတက်တော့ဘူး၊ခေါ်ပြီးယောက်ျားပေးစားလိုက် တယ်။ အဓိကပညာရေးပဲ။ အခုလို ပညာ မတ တ်တာဟာ အရင်အစိုးရမှာ တာဝန်တွေအများကြီးရှိတယ်။ သူတို့ကို ပညာပေးရမယ်” ဟု ရခိုင်ပဋိ ပက္ခ စုံစမ်းရေးကော် မရှင် အဖွဲ့ဝင်ဒေါက်တာ ဒေါ်ရင်ရင်နွယ်က VOA မြန်မာပိုင်းအစီအစဉ်နှင့် တွေ့ ဆုံ ခိုက် ပြောကြား ထားသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအား ပြည်ထောင်စုအဆင့်အနေဖြင့် လူဦးရေ စာရင်းကို ဧပြီ ၂၆ ရက်က ကောက် ခံရာတွင် နှောင့်ယှက်မှုများ ဖြစ်ပွားခဲ့ရာ စာရင်းကောက်ယူ မှုကို ရပ် ဆိုင်း ထားရသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
From: 7 Day News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်