ပြင်သစ်နိုင်ငံမှာ လိင်တူချစ်သူခြင်း လက်ထပ်ထိမ်းမြားခွင့် တရားဝင်သတ်မှတ်လိုက်တာကို မကျေနပ်တဲ့ အတွက် လူပေါင်း တစ်သိန်း ငါးသောင်းလောက်က ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်ကပဲ ပြင်သစ်နိုင်ငံသမ္မတ Francois Hollande က လိင်တူချစ်သူခြင်း လက်ထပ် ထိမ်းမြားဖို့ ဥပဒေကို ခွင့်ပြုလိုက်ပြီ ဖြစ်ပေမယ့် ဒီလို အသိအမှတ်ပြုမှုကို ဆန့်ကျင်မှုတွေ ဆက် လက်ဖြစ်ပေါ်နေပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကလည်း လိင်တူလက်ထပ်ထိမ်းမြားတာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ခဲ့တဲ့ အတွက် ရဲတွေက လူပေါင်း ၅၀ ကို ဖမ်းဆီးခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့် တနင်္ဂနွေနေ့ ဆန္ဒပြမှုမှာတော့ လူပေါင်း တစ်သိန်းခွဲလောက်က ပါရီမြို့မှာ ဆန့်ကျင် ဆန္ဒပြ တာဖြစ် တဲ့ အတွက် အကြီးမားဆုံးသော လိင်တူထိမ်းမြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဖြစ်တယ်လို့ ဥရော ပအခြေစိုက် အေဘီစီ သတင်းထောက် ဖိလိဝီလီယံက သတင်းပေးပို့ခဲ့ပါတယ်။
ရဲတွေက ဆန္ဒပြသူ တစ်သိန်းခွဲရှိတယ်လို့ ပြောပေမယ့် ဆန္ဒပြမှုဦးဆောင်သူတွေကတော့ ဆန့်ကျင် ဆန္ဒပြသူ လူပေါင်း တစ်သန်းလောက် ရှိတယ်လို့ ချေပပြောဆိုထားပါတယ်။
လိင်တူ ထိမ်းမြားခြင်းကို ခွင့်ပြုတဲ့ ပြင်သစ်သမ္မတကိုလည်း ရာထူးကနေ ဆင်းပေးပို့ ဆန္ဒပြသူတွေက တောင်း ဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက တနင်္ဂနွေနေ့ အစောပိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပေမယ့် ဆန္ဒပြမှု ပြီးဆုံးခါနီးအချိန်မှာ ဆန္ဒပြ သူပေါင်း ၅၀၀ လောက်က ရဲတွေကို ဘီယာပုလင်းတွေအပါအဝင် တခြား ရရာပစ္စည်းတွေနဲ့ ပစ်ပေါက် ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ရဲတွေသာမက သတင်းယူနေတဲ့ သတင်းသမားတွေလည်း တိုက်ခိုက် ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလို အခြေအနေကြောင့် လူပေါင်း ၉၆ ယောက်ကို ဖမ်းဆီးထားပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ ရတယ်လို့လည်း သိရပါတယ်။
From: ABC Radio Australia
Time in Rangoon


0 comments:
Post a Comment