လက်ရှိကာလ၌ မြန်မာလူငယ်များ အဓိက ကြုံတွေ့နေရသည့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကြေညာချက် တစ်ရပ်ကို မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးမှ ဇွန် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ ကမ္ဘာတစ်ဝန်းလုံးတွင် အလုပ်လက်မဲ့ပေါင်း ၇၃ သန်းခန့် ရှိနေရာ ရာခိုင်နှုန်း ၆၀ မှာ ၃၅ နှစ်အောက်ရှိသော လူငယ်များဖြစ်ကြောင်း၊ ထိုရာခိုင်နှုန်း ၆၀ တွင် မြန်မာနိုင်ငံမှ လူငယ်များလည်း အပါအ၀င် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူငယ်အလုပ် လက်မဲ့နှုန်းမှာ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီး အလျင်အမြန် ဖြေရှင်းရမည့် ကိစ္စရပ် တစ်ခုအဖြစ် ရပ်တည်နေပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ နှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် အနာဂတ် တိုင်းပြည်၏ ပဲ့ကိုင်ရှင် ခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်များ၏ ဘ၀ရေရှည် အာမခံချက် ရရှိရေး အတွက် မိမိတို့ တတ်မြောက်ထားသည့် ပညာနှင့် ကိုက်ညီသော အလုပ်များ ရရှိရေး၊ ၀င်ရောက်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကာ လုပ်ငန်းအခြေစိုက်သည့် နေရာဒေ သတွင် ပတ်ဝန်းကျင်နှင့် သမိုင်းအမွေအနှစ်များ ထိန်းသိမ်းမှု၊ အခွန်ပေးဆောင်မှုတို့အပြင် အရေး ကြီး ကိစ္စရပ်တစ်ခု အနေဖြင့် ဒေသခံ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်မှ တိုက်တွန်းပေးရန် ဆောင်ရွက်ပေးရေးတို့ကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေ ခံဥပဒေ ပုဒ်မ-၃၁ တွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့ နည်းပါးစေရန် တတ်နိုင် သမျှ ကူညီဆောင်ရွက်ရမည် ဟူသော ပြဋ္ဌာန်းချက်နှင့် လျော်ညီစွာ အနာဂတ် မြန်မာ့ လူငယ်များ အတွက် ခိုင်မာသော အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာစေရေးအတွက် အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ပေးပါရန် တောင်းဆိုပါကြောင်း စသည်ဖြင့် အချက်များ ပါဝင်ကာ ကြေညာ ချက်တွင် ကြေညာချက်ငါးခု ပါဝင်ကြောင်း သိရသည်။
From: Eleven
Sunday, June 23, 2013
မြန်မာလူငယ်များ အဓိက ကြုံနေရသည့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ပြဿနာနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်
Posted by drmyochit
Sunday, June 23, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment