Sunday, June 23, 2013

မြန်မာ မိုဘိုင်းဖုန်းလိုင်း တိုးချဲ့ရေး တင်ဒါ ဟွာဝေး (huawei )ကုမ္ပဏီ ရရှိ

Posted by drmyochit Sunday, June 23, 2013, under | No comments



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT ကနေ မိုဘိုင်းဖုန်းလိုင်း တိုးချဲ့ဖို့ရေးပူးပေါင်း ဆောင်ရွက်ဖို့ တရုတ် နိုင်ငံက ဝှာဝေး ကုမ္ပဏီ ကို ရွေးချယ် လိုက်ပြီ ဖြစ်ပါတယ်။

အခုလို ပူပေါင်းဆောင်ရွက်ခွင့် ရရေး အတွက် MPT ရဲ့ တင်ဒါ ကို လျှောက်ထား ခဲ့တဲ့ နိုင်ငံခြား တယ်လီဖုန်း ကုမ္ပတွေထဲမှာ Errison Nokia နဲ့ ZTE တို့လည်း ပါဝင်တဲ့ အထဲကမှ ဟွာဝေးကို ရွေးချယ်လိုက် တာ ဖြစ်ပါ တယ်။

 MPT ဟာ ရှေ့မဝေးတော့တဲ့ အနာဂတ်မှာတော့ အစိုးရ ကနေ ဘတ်ဂျက် ချပေးမှုနဲ့ ဝန်ကြီး
ဌာနအောက်မှာ မဟုတ်ဘဲ ကိုယ်ပိုင် ကော်ပိုရေးရှင်း တခု အနေနဲ့ ရပ်တည်နိုင်အောင် ဆောင်ရွက်နေပြီး အဲဒီက တဆင့်ကနေ ပုဂ္ဂလိက ပိုင် ကုမ္ပဏီ တခု ဖြစ်လာဖို့ကို ကြိုးပမ်းနေတယ်လို့ MPT က အရာရှိတဦး ကနေ ဘီဘီစီကို ပြောပါတယ်။

 BBC Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်