တောင်ဥက္ကလာပ မြို့နယ်တွင် မော်တော်ယာဉ် မတော်တဆမှု တစ်ခုအား မေလအတွင်းက မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
၂၀၁၃ ခုနှစ် ဇွန်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မော်တော်ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူဦးရေ ၈၀ ကျော်ရှိခဲ့ပြီး ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေမှာ ၉၀ ကျော်ထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လတွင်း တိုင်းဒေသကြီး/ပြည်နယ်များ၌ မော်တော်ယာဉ် မတော်တဆ ဖြစ်ပွားမှုမှာ ၃၇၇ မှု ဖြစ်ပွားခဲ့ပြီး ၅၄၀ ဦး ထိခိုက်ဒဏ်ရာရကာ ၈၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လအတွင်းက မော်တော်ယာဉ် မတော်တဆဖြစ်ပွားနှုန်း အမြင့်ဆုံးမှာ တိုင်းဒေ သကြီး/ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ၁၉၂ မှုတွင် ၂၅၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃၂ ဦး သေဆုံး ခဲ့ကြောင်းနှင့် ဒုတိယဖြစ်ပွားမှုနှုန်း အများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ၄၀ မှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူ ၆၄ ဦးရှိပြီး သေဆုံးသူ ၁၃ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူပြီးခဲ့သည့် ဇွန်လအတွင်းက တိုင်းဒေသကြီး/ပြည်နယ်များ၌ မော်တော်ဆိုင်ကယ် မတော်တဆ ဖြစ်ပွားမှုနှုန်းမှာ ၄၁၉ မှုရှိခဲ့ပြီး သေဆုံးသူ ၉၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၆၅၂ ဦးထိ ရှိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်များအနက် မော်တော်ဆိုင်ကယ် မတော်တဆ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးမှာ မန္တလေး တိုင်း ဒေသကြီးဖြစ်ပြီး ၇၀ မှုတွင် သေဆုံးသူ ၂၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၁၂ ဦးရှိပြီး ဒုတိယ ဖြစ်ပွား မှုနှုန်း အမြင့်ဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး ၆၃ မှုတွင် သေဆုံးသူဦးရေ ၁၀ ဦးရှိပြီး ထိခိုက် ဒဏ်ရာ ရသူ ၈၄ ဦးရှိကြောင်း သိရသည်။
၎င်းအပြင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်မတော်တဆ ဖြစ်ပွားမှုနှုန်းမှာ ပြီးခဲ့သည့် ဇွန်လအတွင်း တစ်နိုင်ငံ လုံး အတိုင်း အတာ အနေဖြင့် ၁၃၅ မှု ဖြစ်ပွားခဲ့ပြီး ၄၅ ဦး သေဆုံးခဲ့ကာ ၁၇၆ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရ သည်။
From: Eleven
Time in Rangoon


0 comments:
Post a Comment