Sunday, July 14, 2013

ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက်သမား ဘဝ ပြန်ရောက်သူ

Posted by drmyochit Sunday, July 14, 2013, under | 1 comment

သက္ကရာဇ် ၂၀၀၂ ခုနှစ်တုန်းကပါ။ ဗြိတိန်နိုင်ငံက Michael Carroll လို့ အမည်ရတဲ့ အမှိုက်ကောက်သမား တစ်ဦးဟာ ဗြိတိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး ပေါက်ခဲ့ ပါတယ်။ အမေရိ ကန်ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါတယ်။

သို့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အမှိုက်ကောက်သမားဘဝ ပြန်ရောက် သွားပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

ထီပေါက်ပြီး ရတဲ့ ငွေတွေနဲ့ ၈ နှစ်ပတ်လုံး ဘာအလုပ်မှ မလုပ်ပါဘူး။ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၁သိန်းခွဲနီးပါး သုံးစွဲ ပါတယ်။ ဈေးအကြီးဆုံးကားများ ဝယ်စီး ပါတယ်။ အိမ်ကောင်းမှာ နေ ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲပါတယ်။ မိန်းမအပျော်အပါးလိုက်စား ပါတယ်။ နောက်တော့ အကြွေးတွေ တင်ပြီး တစ်ခုပြီး တစ်ခု ပြန်လည် ရောင်းချလိုက်ရာမှာ ၂၀၁၀ ခုနှစ်ရောက်တော့ အမှိုက်ကောက်သမား အလုပ်ကို ပြန်လုပ်ဖို့ အလုပ်သမားဝန်ကြီးဌာနကို မှတ်ပုံတင်ပြန်လျှောက်ပါတယ်။

ပြည်ဗာရာက သူဌေးသား ပုံပြင်တစ်ပုဒ်လိုပဲ အပြင်မှာ တကယ် ဖြစ်ခဲ့ တာလေး ဖြစ်ပါတယ်။
-
Ref: dailymail

သင်ခန်းစာ -

လက်ထဲမှာ ငွေရှိပြီး အကျိုးရှိရှိ အသုံးမချတတ်သူဟာ ပိုက်ဆံကို မီးရှို့ ပြီး မီးလှုံနေသူနဲ့ အတူတူပါပဲ။ --------------- အောင်ခမ်း-
International news for myanmar

1 comments:

အခွင့်အ ရေးကို ဖုရားသခင် က
ပေးသောလည် အသုံးမချတက်ပါလား
သင် ခန်းစာပါဘဲ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်