Sunday, July 14, 2013

ကူညီပါရစေ

Posted by drmyochit Sunday, July 14, 2013, under | No comments


ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရန် အတွက် တစ်ဦး တစ်ယောက်ချင်း မှသည် အဖွဲ့ အစည်း များနှင့် အစိုးရ အနေဖြင့် တစ်တပ် တအား ကြိုးစား နေကြသည်။ အရာ အားလုံး အစိုးရ ကိုချည်း လက်ညှိုးထိုး၍မရပါ။ အစိုးရဘက် လိုက်၍ ပြောခြင်း မဟုတ်ပါ။ သူတို့လည်း အားနည်းချက် တွေကို ပြုပြင်နေတာ မြင်သာပါသည်။ တစ်နယ် တစ်ကျေးက လာရောက်ပြီး တစ်ဝမ်း တစ်ခါး မှသည် မိသားစု အရေးအတွက် ကြုံရာ ကျပန်း လုပ်ကိုင် စားသောက်ရင်း အဆင်ပြေရာ နေရာ များတွင် နေထိုင် ကြရာမှ များပြား လာသော အင်အားသည် ဖရိုဖရဲ ကြိုးတိုး ကျဲတဲ မဟုတ်ပဲ သောင်းပြောင်းထွေလာ စုစည်းနေရာ ပျံကျ အုပ်စုများ ဖြစ်ပေါ် လာပြီး မှုခင်း ရပ်ဝန်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ ညီညွတ်မှု မရှိသည့် ကျူးကျော် နေထိုင်သူ အုပ်စုများ ဖြစ်လာ ကြသည်။ ၎င်းတို့ကို လူသားချင်း စာနာ ထောက်ထားစွာ ပညာ ပေးခြင်း၊ ကူညီ ဖေးမ ပေးခြင်းများနှင့် အတူ စနစ် တကျ နေရာ ရရှိရေး ဆောင်ရွက် ပေးရမည် ဖြစ်သည်။ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီးနှင့် အညီ မြို့ တော် အင်္ဂါရပ်များ ညီညွတ် စေရန် မြို့တော်ကြီး များတွင် ဆောင်ရွက်ချက် များမှ တစ်ချက် ဖြစ်သည့် ကျူးကျော်နေအိမ်များ ဖယ်ရှားပြီး စနစ်တကျ မြေနေရာ ချပေးမှုတွေ ဆောင်ရွက် နေတာ ကြားရသည်။  ထို့လျောက် မြို့တော် တာဝန် ရှိသူများ အနေဖြင့်လည်း တတ်စွမ်း သလောက် ဆောင်ရွက် နေကြသည်။ ရိုးသားမှု မရှိသူ များမှ ကျူးကျော် နေအိမ် မိသားစု တစ်စုတည်း ကိုပဲ မိသားစုကို ဖဲ့ထုတ်ကာ မိသားစု ၅ ယောက်ရှိလျှင် တဲအိမ်ငယ် ၅ လုံး ဆောက်လုပ်လျက် မြေနေရာ သစ်တွင် ၅ နေရာ ရရှိရေး အတွက် အဆင့် အတန်းမရှိ ဆောင်ရွက် နေကြသည်။ ဒီမ ကရေစီ စနစ်ကို နားမလည် သော်လည်း ၎င်းတို့ နားလည် သလို အလွဲသုံးစား ဒီမိုကရေစီ ပြုလုပ်ကြသည်။

ရိုးသားသည့် ကျူးကျော် မိသားစု များသည်လည်း စည်းရုံး ခံရမှု အောက်တွင် နားယောင် သွားကြ သည်။ အထူး သဖြင့် ၎င်းတို့ကို ကာကွယ် စောင့်ရှောက်မည်ဟု လျှာအရိုး မရှိတိုင်း အပေါစား စည်းရုံးရေး ဆောင်ရွက် နေသူ များမှာ အဓိက တရားခံ ဖြစ်ပါသည်။ ဥပမာ အနေဖြင့် ဇွန်လ ၁၀ ရက်နေ့ သင်္ဃန်းကျွန်း မြို့နယ် ၈၈ ကျောင်းသားများ အဖွဲ့ရုံးကို ဒဂုံမြို့သစ်(တောင်ပိုင်း) ကျူးကျော် နေထိုင်သူ များနှင့် ပြည်တွင်း သတင်း ထောက်တို့ လူအုပ် စုဖြင့် လာရောက် အကူ အညီ တောင်းခံ ကြသည်။ ၈၈ မျိုးဆက်များ အနေဖြင့် မည်သည့် နေရာမှ ကောင်းမွန်သော လုပ်ဆောင် ချက်များ ဖော်ဆောင် ပြသ နိုင်ခြင်း မရှိသည့် အတွက် တဖြည်းဖြည်းနှင့် ပြည်တွင်း ပြည်ပမှ အဖွဲ့ အစည်း၊ လူထုတို့၏ ဝေဖန် ပြစ်တင်မှုများကို ရင်ဆိုင် နေရချိန် ၈၈ မျိုးဆက်သစ် ကျောင်းသား များ၏ အဓိက နောက်လိုက်များ အဖြစ် ကျူးကျော်ထဲမှာတောင်မှ အဆင့် အတန်းမဲ့စွာ ကိုယ်ကျိုး အတ္တ လွန်ကဲသည့် သူများ ပေါ်ပေါက် လာတယ်။

၈၈ မျိုးဆက်သစ် ကျောင်းသားများ အနေဖြင့် ပြန်သုံး သပ်ကြပါ။ မိမိတို့ အဆင့် အတန်းဘယ် လောက် ရောက်နေပြီလဲ။ ပြောတာပြောရတယ် ဘယ်တုန်းကမှ ဘာအဆင့်မှ မရှိခဲ့တဲ့အဖွဲ့ပဲ။ ပြည်တွင်း ပြည်ပ နိုင်ငံရေး အကြောင်းပြ မဟာဗျူဟာမြောက် လှုပ်ရှား သူများရဲ့ ကြိုးဆွဲရာ ကခဲ့ကြ တာပဲ မဟုတ် ပါလား။ ကျူးကျော် အိမ်ရာတွေ နေရာသစ်မှာ မြေကွက် ရလျှင် ၈၈ အဖွဲ့တွေတွက် ကျေးဇူး ဆပ်ဦးမယ် ဆိုဘဲ။ ရိုက်ချက် ကတော့ မိုက်တီးတော့ မဟုတ်ဘူး။ မိုက်ရိုင်း နေတာ ချည်းပါပဲ။ တစ်ခုတော့ နားလည် ပေးပါတယ်။ ၈၈ အဖွဲ့တွေ ဒါမျိုး တွေလုပ်နေမှ မိသားစု ရပ်တည် နေနိုင်မှာ မဟုတ် ပါလား။ ဒါပေမယ့် အခြေ အနေ ကြည့်လုပ် ကြပါ၊ မင်းတို့ကို လက်ခံတဲ့ လူတွေက ဘယ် အဆင့် တွေလဲ၊ မင်းတို့ကို လက်မခံ တော့တဲ့ သူတွေက ဘယ်လို လူတွေလဲ၊ မင်းတို့ကတော့ ရေနစ် သလိုပဲ ရရာကို ဖမ်းဆွဲ၊ ရုန်းကန် နေရင်းနဲ့ ကျော်သူရဲ့ နာရေး ကူညီမှုကို အားကိုး နေကြတယ်လို့ မြင်မိတယ်။ ဘာပဲပြောပြော ဘဝကူး ကောင်းစေဖို့ နောက်မကျ သေးပါဘူး။ ကိုယ်မလုပ် နိုင်ရင် နေပါ၊ သာဓု တစ်ကြိမ် ခေါ်ချိန် မှီရင်တောင် အပယ် ငရဲက လွတ်ကောင်း လွတ်နိုင်ပါ သေးတယ်။

ငြိမ်းချမ်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်