Friday, July 12, 2013

နီးစပ်ရာ မြို့နယ်၌ပင် အလုပ်ခွင်ဝင်ကြရတော့မည့် အခြေခံပညာ ဆရာ/ဆရာမများ

Posted by drmyochit Friday, July 12, 2013, under | No comments

ဇူလိုင်လအတွင်းမှ စတင်၍ အခြေခံပညာမှ ကျောင်းဆရာ၊ဆရာမများအား မိမိနေထိုင်ရာ နယ်မြေများနှင့် နီးစပ် သည့် နေရာများ၌ အလုပ်ခန့်အပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဌာနမှ သိရ သည်။

မိသားစု စုံလင်စွာနေထိုင်နိုင်ရန်၊ လုပ်ငန်းလုပ်ဆောင်ရာ၌ ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရန်၊ မလိုလားအပ်သော လူမှုရေး ပြဿနာများအား လျော့နည်းသွားရန်နှင့် မိမိရပ်ရွာအကျိုးကို ပိုမိုသယ်ပိုးနိုင်ရန်အတွက် ရည်ရွယ် ဆောင် ရွက်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

 `ကျောင်းဆရာ၊ဆရာမတွေကို နေထိုင်တဲ့ နယ်မြေကို တင်ပြခဲ့ရင် အဲဒီနယ်မြေထဲမှာ အလုပ်ခန့်အပ်ပေးမယ်၊ အကယ်၍ ရပ်ရွာအနီးမှာ ကျောင်း မရှိခဲ့ရင်လည်း အနီးစပ်ဆုံးနေရာ တစ်ခုကို ပြောင်းခွင့်ပြုမယ်´ဟု လူမှုရေး ၀န်ကြီး ဒေါက်တာဝင်းလှိုင်က ပြောသည်။

အဆိုပါ အစီအစဉ်များကို ဇူလိုင်လမှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက် ဆိုင်ရာကျေးရွာများမှ ရပ်ရွာအတွင်း နေထိုင်သူများကို ပြောင်းရွှေ့ခွင့်ပြုရန် တောင်ဆိုမှုများ ရှိလျှင်လည်းအ မြန်ဆုံး ပြောင်းရွှေ့ခွင့် ရစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းပညာသင်ကြားရန် လိုအပ် သော နေရာများသို့လည်း ကျောင်းဆရာ၊ဆရာမများအား ပို့ဆောင်ပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက် ထားသည်ဟု သိရသည်။

`ပထမတစ်သုတ်ကို ဇွန်လထဲမှာ သက်ဆိုင်ရာနယ်မြေတွေကို ပြောင်းခွင့်ပေးခဲ့ပြီး ဖြစ်ပါတယ်၊ ဒါတွေကို အထူး အစီအစဉ်အနေနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်´ဟု ၀န်ကြီးက ဆက်ပြောသည်။

အဆိုပါကိစ္စရပ်များအပြင် ပညာရေးအဆင့်အတန်းမြင့်မားစေရန်အတွက် ကျောင်းများကို အဆင့်မြင့်တိုးခြင်း၊ပုဂ္ဂ လိကကျောင်းများကို အရည်အသွေး စိစစ်ကာ ပိုမိုဖွင့်လှစ်ခွင့်ပေးခြင်း၊ ကျောင်းဆရာ၊ ဆရာမ အရေအတွက် တိုးမြင့်ခြင်းနှင့် အဆင့်မြင့်ပညာသင်ကြားပေးသောနေရာများကိုလည်း သင်ကြားပေးနိုင်သည့် ပမာဏထက် ပိုသင်ကြားနိုင်ရေး အဆောက်အအုံများတိုးချဲ့မှုများလည်း လုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။

`အခုလို ဆရာ၊ဆရာမတွေကို နီးစပ်ရာမြို့နယ်မှာ အလုပ်ပြောင်းခွင့်၊ အလုပ်လုပ်ခွင့်ပေးမယ်ဆိုတဲ့အတွက် အ တိုင်းမသိအောင် ၀မ်းသာပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ အလုပ်ကတစ်နေရာ၊ နေထိုင်တဲ့မြို့ကတစ်နေ ရာဆိုတော့ ဘယ်လိုမှ အဆင်မပြေပါဘူး၊ ငွေရေးကြေးရေးပိုင်းဆိုင်ရာမှာလည်း အဆင်မပြေသလို၊ မြို့နဲ့ဝေး တဲ့နေရာတွေမှာ အလုပ်လုပ်ခွင့်ကျခဲ့ရင်လည်း တော်တော်လေးကို ဒုက္ခတွေ့ရပါတယ်၊ ဒါမျိုးလုပ်ပေးတာကို ကျေးဇူးတင်လို့ မဆုံးပါဘူး´ဟု ၀မ်းတွင်းမြို့နေ ကျောင်းဆရာမတစ်ဦးဖြစ်သည့် ဒေါ်သွဲ့သွဲ့က ပြောသည်။

By မင်းခန့်- မန္တလေး ( မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်