မြန်မာနိုင်ငံကို နှစ်ရက်ကြာ လာရောက်လည်ပတ်ခဲ့တဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားရ်က မြန်မာနိုင်ငံကို ထောက်ပံ့ကူညီမှုတွေ တိုးပေးတာဟာ အပေးအယူလုပ်တာ မဟုတ်ဘူးလို့ သြစတြေးလျနိုင် ငံခြား ရေး ဝန်ကြီး ဘော့ဘ်ကားရ်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နဲ့လက်စွဲနှုတ်ဆက်နေတဲ့ သြစတြေးလျနိုင်ငံခြားရေး ၀န်ကြီးဘော့ဘ် ကားရ် (Credit: AFP)
မြန်မာနိုင်ငံခရီးစဉ်အတွင် သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး ဘော့ဘ်ကားရ်က ရိုဟင်ဂျာ အရေး ကိစ္စတွေ ကို မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အပါအဝင် ဝန်ကြီးလေးယောက်တို့နဲ့ ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် နဲ့ပါ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
ရိုဟင်ဂျာကိစ္စကြောင့် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာထိခိုက်နေရတဲ့အကြောင်း မြန်မာနိုင်ငံအစိုးရပါတီရော၊ ဒေါ်အောင် ဆန်းစုကြည် အပါအဝင် အတိုက်အခံဖက်ကပါ ရိုဟင်ဂျာတွေကို ကွာကွယ်မှုတွေ လုပ်ဖို့ ခုအချိန် ထိ တင်းခံနေကြဆဲဖြစ်တယ်လို့ ဘော့ဘ်ကားရ်က ဝေဖန်မှု လုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာအယောက် ရှစ်သိန်းလောက် ဒုက္ခရောက်နေရပြီး ခွဲခြားမှုခံနေရတဲ့အတွက် ကာ ကွယ် မှုပေး ဖို့ ပြောခဲ့ပြီး ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် သြစတြေးလျနိုင်ငံမှာ ခေါ်ယူလက်ခံမလားလို့ မေးရာ မှာတော့ လက်မခံနိုင်ကြောင်း ဝန်ကြီး ဘော့ဘ်ကားရ်က တုန့်ပြန်ခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီမှုတွေ လုပ်မယ့် အကြောင်း၊ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ကူညီပြီး ရခိုင်ပြည်က ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့မှုတွေ တိုးပေးမှုတွေ လုပ်ခဲ့တဲ့အတွက် ဒီလို ပေးကမ်းမှုတွေလုပ်ပြီး ရိုဟင်ဂျာကိစ္စကို အဆင်ပြေအောင် ဆောင် ရွက် ဖို့ အပေးအယူ လုပ်တာလား ဆိုတဲ့အပေါ်မှာလည်း ဝန်ကြီးဘော့ဘ်ကားရ်က ပယ်ချလိုက်ပါတယ်။
သြစတြေးလျအစိုးရအနေနဲ့ ပြည်ပနိုင်ငံတွေကို ပေးနေတဲ့ ထောက်ပံ့ကူညီမှုကို အသုံးချပြီး ကိုယ်လိုချင်တာ လုပ်ယူ ဖို့ ဆန္ဒမရှိဘူးလို့ ပြောလိုက်ပါတယ်။
ရိုဟင်ဂျာကိစ္စဟာ နာမည်ကောင်းရနေတဲ့ မြန်မာနိုင်ငံ၊ ဒီမိုကရေစီဆီကို ဦးတည်နေတဲ့ နိုင်ငံအဖို့ အရှက်ရ စရာ ဖြစ်နေတယ်လို့လည်း ဝန်ကြီး ဘော့ဘ်ကားရ်က ပြောလိုက်ပါတယ်။
From: ABC Radio Australia
0 comments:
Post a Comment