Friday, July 12, 2013

ကချင်ပြည်နယ် တရုတ်၊ မြန်မာ နယ်စပ် ရှမ်းလူမျိုးတစ်ဦး မိုင်းထိ သေဆုံး

Posted by drmyochit Friday, July 12, 2013, under | No comments


ကချင်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့၊ ကောင်းဆာကျေးရွာ အထွက်လမ်း ပေါ်မှာ ကေအိုင်အေ အဖွဲ့က ထောင်ထားတဲ့ မိုင်းတစ်လုံး နင်းမိပြီး ကောင်းဆာရွာနေ ရှမ်း အမျိုးသား ကိုလောင်း ရှန် (၄၂ - နှစ်) ဟာ ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းက ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ကောင်းဆာရွာဟာ ရှမ်းနှင့် တရုတ်လူမျိုးများ အများစု နေထိုင်တဲ့ ရွာဖြစ်တဲ့ အတွက် ဗမာ စစ်တပ် များ မကြာ ခဏ ၀င်/ထွက်လေ့ ရှိတဲ့ ရွာဖြစ်လို့ ကေအိုင်အေ အဖွဲ့က ရွာ ပတ်ဝန်း ကျင်မှာ မိုင်း အများ အပြား ထောင်ထား ခဲ့ပါတယ်။ အဲဒီ မိုင်းတွေ ထောင်ခဲ့တဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ  မနှစ်က ဖြစ် ခဲ့ တဲ့ တိုက်ပွဲတွေမှာ ကျဆုံးသွားခဲ့ပြီ ဖြစ်လို့ ရွာအနီးနား ထောင်ထားတဲ့ မိုင်းတွေကို ပြန်လည် ဖော် ထုတ် ဖို့ အခက်အခဲ ရှိတဲ့အတွက် မိုင်း အန္တရာယ် သတိပြု သွားလာဖို့ ရွာသားတွေကို ကေအိုင်အေက သတိပေး ချက် ရှိတယ်လို့ ကောင်းဆာရွာသား တွေက ပြောပါတယ်။

အခုလို ကေအိုင်အေမိုင်း နင်းမိပြီး သေဆုံးခဲ့တဲ့ ကိုလောင်းရှန်ရဲ့ မိသားစုတွေကို ကေအိုင်အေ တပ်မဟာ (၃) ၀န်ဂေါဘွန် စခန်းက ဗိုလ်ကြီး ခွန်နော်နဲ့ အဖွဲ့က ဇူလိုင်လ ၈ ရက်နေ့မှာ လာရောက် တောင်း ပန်ခဲ့ပြီး ဆန်တစ်အိတ်နဲ့ တရုတ် ယွမ်ငွေ ၁၀၀၀ ထောက်ပံ့ ပေးခဲ့ပါတယ်။ မိုင်းနင်းမိတဲ့ ဖြစ်စဉ် ကို တရုတ် နယ်ခြားစောင့် ရဲထံ အသိမပေးရန် ဗိုလ်ကြီး ခွန်နော်က ကိုလောင်းရှန်ရဲ့ အဖေ ဦးထီးရှန် ကို ပြောကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး ဗမာ အစိုးရဘက်က လာရောက် မစုံစမ်း နိုင်စေရန် ကောင်း ဆာရွာ အ၀င်မှာ ကေအိုင်အေ တပ်ရင်း (၁၆)မှ တပ်ကြပ်ကြီး မာနော်နဲ့ အဖွဲ့က ပိတ်ဆို့ ထားတယ် လို့ ကောင်းဆာ ရွာသား တစ်ဦးက ပြောပါတယ်။


တရုတ်- မြန်မာ နယ်စပ် ဒေသခံများကတော့ ယခုလို မိုင်းထိပြီးမှ တောင်းပန်တာ၊ လျောကြေး ပေး တာတွေ ကို ကေအိုင်အေက လုပ်ပေးမယ့်အစား ရှမ်းလူမျိုးနဲ့ ဗမာလူမျိုးများ အနေများတဲ့ ကျေးရွာများ အနီးမှာ ကေအိုင်အေ အဖွဲ့ ထောင်ထားတဲ့ မိုင်းတွေကို ပြန်လည် ဖယ်ရှား ပေးရန် လိုလားလျက် ရှိနေပါ တယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်