Friday, July 12, 2013

အနုပညာရှင်ဆိုတာ ဝတ်ချင်တိုင်းဝတ်လို့ မရဘူးဆိုတဲ့ ခိုင်သင်းကြည်

Posted by drmyochit Friday, July 12, 2013, under | No comments

လူတစ်ယောက်က ကိုယ်နဲ့ လိုက်တာ ကို ရွေးဝတ် တတ် မယ်ဆိုရင် အကောင်းဆုံးပါပဲ။ တချို့က အတိုနဲ့ မလိုက်ဘဲ အတိုဝတ်တဲ့အခါ ကြည့် မကောင်း ဘူး။ ပေါင်တံ သွယ်သွယ် လျလျနဲ့ ကောင်မလေးတွေ အတို ဝတ်တော့လည်း လှသား ပဲ။ အတိုကြီး မဝတ်ရဘူး လို့ပြောတာလည်း မဟုတ် ပါဘူး။ အဓိကက အချိန်အခါနဲ့ နေရာ ရွေးဝတ် တတ်ဖို့ ပဲ။ လုံးဝ အတို မဝတ်ရဘူးလို့ တားမြစ် ပြန်ရင် လည်း ခုခေတ်လူငယ်တွေနဲ့ မကိုက် ဘူးလေ။ သူတို့အ သား အရေ၊ ပေါင်တံ၊ ကိုယ်လုံး ကိုယ်ပေါက်တွေ နဲ့ဝတ်တော့လည်း လှကြတဲ့ အတွက် အစ်မ တို့လည်း မနေနိုင်ဘူး ကြည့်မိ တာပဲ။ သင်္ကြန်လိုမျိုးဖြစ်ဖြစ် သူ တို့သွားတဲ့ပွဲနဲ့ လိုက်ဖက်အောင် ဝတ်ကြတဲ့အခါ အရမ်းမ ရိုင်းဘူး ဆို ရင်လက် ခံပါတယ်။

ဒါပေမဲ့ နေရာ ဒေသအလိုက် ရင်ဖုံးဝတ်သင့်တဲ့နေ ရာမှာ ရင်ဖုံးဝတ်ရမယ်။ မြန်မာ ဝတ်စုံ ဝတ်သင့် တဲ့နေ ရာ မှာဆို မြန်မာဝတ်စုံ ဝတ်ရမယ်။ လုံလုံခြုံခြုံ ဝတ်သင့်ရင် လုံလုံခြုံခြုံဝတ်ရမယ်။ အတိုဝတ် မှလှတယ် ဆိုတာ မျိုးတော့ မဟုတ်ဘူး။ လုံချည်ဝတ်လည်း လှတဲ့သူတွေက လှတာပဲ။ တချို့ ကလေးတွေလည်း မြန်မာ ဝတ်စုံ လေးတွေ အပြင်မှာ ဝတ်ကြပါတယ်။ ပိုးထည်တိုက်တွေဆိုလည်း တော် တော်များ များ ကဖွင့်ကြ တယ်။ အောင်မြင်ကြပါတယ်။ တချို့လူ ငယ်တွေကျတော့လည်း မေ့ရင်မေ့ နေမှာပေါ့။ အဲဒီလိုမေ့နေ တဲ့ အချိန် မှာ အခုလိုမြန်မာနိုင်ငံအမျိုးသမီး ရေးရာပွဲတွေကျင်းပတော့ လူငယ် တွေ၊ လူလတ်တွေ ရဲ့စိတ်ထဲမှာ ဘယ်အရွယ်ပဲဝတ်ဝတ်၊ ဝတ်လိုက် တော့လည်း လှသားပဲဆိုတဲ့ အမြင်လေးနဲ့ ပြန်သတိ ရပြီး အမြတ်တနိုး ဝတ်ဆင်ကြမယ်ဆိုရင် ကောင်းတာပေါ့။

မြန်မာမိန်းကလေး တစ်ယောက်က မြန်မာဝတ်စုံဝတ်မယ် ဆိုရင်အလှဆုံးပါပဲ။ မြန်မာအသားအရေ၊ မြန်မာမျက်နှာလေး၊ မြန်မာ ကိုယ်လုံးကိုယ်ပေါက်နဲ့ဆိုရင် မြန်မာ ဝတ်စုံက အသင့်တော်ဆုံးပါပဲ။ နိုင်ငံခြားသူတွေလို ပေါင်တံအရမ်း ရှည်ပြီး ဖြူမွတ်နေတာမျိုး၊ ပိန်တဲ့ သူမျိုးကသာ အတိုလေးတွေ၊ ဟော့ ရှော့လေးတွေနဲ့လိုက်တာ၊ တကယ့် ဘိုဆန်တဲ့နိုင်ငံခြားသူတွေ၊ ဘိုမတွေလည်း မြန်မာလို ဝတ်မယ်ဆိုရင် လှမှာမဟုတ်ဘူး။ တကယ်တော့ အပြင်လူတွေက အနုပညာသမားတွေ လိုလိုက်ဝတ်တယ်။ တန်းတူဝတ် တယ်ဆိုတာထက် သူတို့က ကိုယ့် ထက်ပိုပြီးဝတ်ကြတယ်။ ပိုတောင်လှ ကြပါသေးတယ်။ အစ်မတို့က ကိုယ့်ရဲ့ကာရိုက်တာ အပေါ်မူတည်ပြီး ဝတ်ရတယ်။

နောက်ပြီး အနုပညာရှင်ဆိုတာ ဝတ်ချင်တိုင်းဝတ်လို့မရဘူး။ အစ်မတို့က အနုပညာရှင်ဆို တော့ လူတွေကြားမှာ အရမ်းသိသာ မြင်သာနေတဲ့အတွက် တအားကြီးဝတ်လို့လည်း မကောင်းဘူးလေ။ အဲဒီတော့ ကိုယ့်အလုပ်နဲ့ကိုယ် အကောင်းဆုံးဖြစ်အောင် ဝတ်နိုင်ဖို့ ကြိုးစားတယ်။ သူများတွေဝတ်လို့ လှရင်ကြည့်လိုက်တယ်။ အားကျ တယ်ဒီလောက်ပဲ။ အနုပညာရှင် တစ်ယောက်အတွက်ကတော့ ကိုယ့် ရဲ့ဇာတ်ကောင်နဲ့ လိုက်ဖက်မယ့် အဝတ်အစားကို ဝတ်နိုင်ရင်တော် တယ်လို့ချီးကျူးခံရမှာပဲ။ အဲဒီလိုဝတ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် လည်း အရမ်းကိုကျေနပ်တယ်။ ဆရာမဆိုရင်လည်း ဆရာမဝတ်စုံနဲ့ လိုက်ဖက်ရမယ်။ တောသူမဆိုလည်း ဝတ်စုံကအစဆံပင်အဆုံး၊ ပါးကွက်လေးတွေနဲ့ တကယ့်တော သူမလို တူအောင်ကိုဝတ်ရမယ်။ တကယ့်ဖက်ရှင်ကအဲဒါပါပဲ။ ကိုယ် က တောကာရိုက်တာပါဆိုမှ ခေတ် ပုံစံသွားဝတ်မယ်ဆိုရင် ဘယ် လောက်လှလှအဆင်မပြေနိုင်ဘူး။ နိုက်ကလပ်သွားမယ့် အခန်းကျပြန်တော့ ရင်ဖုံးကြီးနဲ့ သွားလို့မှမရတာ။ အဲဒီတော့ဖက်ရှင်ဆိုတာ အချိန်အခါ၊ အခြေအနေနဲ့ နေရာဒေသ အပေါ်မှာ အကောင်းဆုံးရွေးချယ်ပြီး ကိုယ်နဲ့ လိုက်ဖက်တာကို ဝတ်စားတာလို့ အစ်မကတော့ ထင်ပါတယ်။

By 8 Days
Ref: Yoyarlay

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်