Friday, July 12, 2013

ရိုက်ကူးစဉ် ဖြစ်ပျက်ခဲ့သည့်ဝိညာဉ်ခြောက်လှန့်မှုများကို ဇာတ်လမ်းတိုအဖြစ် ထည့်သွင်း ပြသမည့် “သက်တံသစ်” ဇာတ်ကား

Posted by drmyochit Friday, July 12, 2013, under | No comments


ပန်းမြတ်ဇော်

ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် “သက်တံ သစ်” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးစဉ်တွင် ဖြစ်ပျက်ခဲ့သော ၀ိညာဉ် များ၏ခြောက်လှန့်မှုများကို ၎င်းဇာတ်ကားအပြီးတွင် ဇာတ်လမ်းတိုအဖြစ် ပြသမည်ဖြစ်ကြောင်းဒါရိုက်တာ ကမဇ္ဈိမသို့ ပြောကြားခဲ့သည်။

ယင်းဇာတ်ကားတွင် အောင်ရဲလင်း၊ ဖွေးဖွေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး သိုးဆောင်း၏ ၀တ္ထု ကိုဒါရိုက်တာဝိုင်းက ကိုယ်တိုင်ဇာတ်ညွှန်းရေးကာ ရိုက်ကူးထားသည့်ဇာတ်ကားဖြစ်သည်။ ၀ိညာဉ်နှင့် အ နာဂတ်တွင် မြန်မာနိုင်ငံ၌ကြုံတွေ့ရမယ့် ဘေးအန္တရာယ်အကြောင်းကို ဇာတ်အိမ်တည်ကာ ရိုက်ကူးထား သည့်အဆိုပါဇာတ်ကားနှင့်ပတ်သက်ပြီး ဒါရိုက်တာက “တကယ်ရိုက်တဲ့အချိန်မှာ ၀ိညာဉ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပရိသတ်ကိုရိုက်ကူးချိန်မဟုတ်ဘဲ တကယ် ခြောက်ခဲ့တဲ့အဖြစ် အပျက်တွေ၊ ရိုက်တဲ့အချိန်မှာ ခြောက်ခဲ့တာတွေကို အင်တာဗျူးတွေ၊ ဇာတ်အိမ်တည် ရိုက်ကူးတဲ့ကျောင်းမှာ တွေ့ကြုံရတဲ့ဝိညာဉ်ကို မေးတာတွေအစ ရိုက်ကွင်းပြင်ပအဖြစ်အပျက်များကို စု စည်းပြီး documentary အနေနဲ့ ဇာတ်ကားနောက်ပိုင်းမှာပြဖို့ စီစဉ်ထားပါတယ်”ဟု ဆိုသည်။

ယင်းဇာတ်ကား၏ တင်ဆက်ပုံများကို ယခင်ရိုက်ကူးခဲ့သည့်ပုံစံများနှင့် မတူကွဲပြားအောင် စီစဉ်ရိုက်ကူး ထားသည့် အဆိုပါဇာတ်ကားကို 3D အထူးပြုလုပ်ချက်များစွာထည့်သွင်း၍ ရိုက်ကူးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

“သရဲကားတွေလို ပြူးပြူးပြဲပြဲကြီးတွေမဟုတ်ဘဲ ကျောင်းတစ်ကျောင်းမှာ အခြေခံရိုက်ကူးထားတဲ့ ၀ိညာဉ် နဲ့ မြန်မာနိုင်ငံမှာဖြစ်ပျက်လာမယ့် ဘေးအန္တရာယ်တစ်ခုနဲ့ပတ်သက်တဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ် ကားကအရင်ရိုက်နေကျပုံစံတွေနဲ့ ကွာတယ်။ ဒီကားမှာ 3D အသုံးပြုထားတာတွေပါတယ်။ 3D လုပ်တာ တင် ၁၀လလောက်ကြာခဲ့တယ်။ဆက်တင်ပိုင်းကအစ ပြင်ဆင်ပြီးဆောက်ရတာတွေရှိတယ်။ 3D အဓိက ပါတာကတော့ ကျောင်းဆောင်တစ်ခုလုံး မီးလောင်တဲ့အခါမှာ မင်းသားက သရဲအနေနဲ့ ၀င်ရောက်ကယ် ခဲ့တဲ့အခန်းကတော့ အဓိကလုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ အခုဆင်ဆာကျဖို့ စောင့်နေတာပါ။ ဆင်ဆာ ကျတာနဲ့ ဒီလထဲမှာပဲ ထိုင်းက Post Production မှာ အသံပိုင်းနဲ့ ရုပ်ပိုင်းတွေကို အဆုံးသတ်ပြင်ဆင်သွား မှာပါ”ဟု ပြောပြသည်။

“သက်တံသစ်”ရုပ်ရှင်အားခရေဖြူထုတ်လုပ်ရေးမှ စီစဉ်ခြင်ဖြစ်ပြီး ဒါရိုက်တာဝိုင်းနှင့်ဖွေးဖွေးတို့၏ လေး ကားမြောက်လက်တွဲရိုက်ကူးသည့် ရုပ်ရှင်ကားကြီးဖြစ်သည်။ ယင်းရုပ်ရှင်အား ရန်ကုန်မြို့နဲ့ ပြင်ဦးလွင် မြို့တို့တွင် ၂၂ရက်ကြာရိုက်ကူးခဲ့ပြီး အဆောင်တစ်ခုတွင်နေထိုင်ကြသည့် ကျောင်းသူ၊ ကျောင်းသားများ အကြား ဖြစ်ပျက်သည့်အကြောင်းအရာများကို ရိုက်ကူးထားခြင်းဖြစ်သည်။

News From: Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်