Friday, July 12, 2013

မျိုးစောင့်ဥပဒေထောက်ခံသူ လက်မှတ်ရေးထိုးပွဲများပြုလုပ်လျက်ရှိ

Posted by drmyochit Friday, July 12, 2013, under | 1 comment

ရန်ကုန်၊ ဇူလိုင် ၁၁။

မြောက်ဥက္ကလာပ မြို့နယ်တွင် အမျိုးစောင့် ဥပဒေ အတည်ပြု နိုင်ရေးနှင့် ပတ်သက်၍ လက်မှတ်ရေးထိုး တောင်း ဆိုမှု များကို လွန်ခဲ့သည့် ငါးရက်ခန့်က စတင်ပြု လုပ်ရာ လက်မှတ်ပေါင်း နှစ်သောင်းကျော် ရရှိပြီးဖြစ်ကြောင်း စီစဉ်သူတစ်ဦးဖြစ်သည့် ကိုစိုး ဝဏ္ဏက ပြော သည်။

ဇူလိုင်လ (၆)ရက်နေ့မှ စတင်၍ မြောက်ဥက္ကလာပ မြို့နယ်ရှိ အမှတ်(၂)ရပ်ကွက် အပါအဝင် နီးစပ်ရာ ရပ်ကွက် များတွင် တစ်အိမ်တက်ဆင်း လက်မှတ်ရေးထိုးကြခြင်းအပြင် လက်မှတ်ရေး ထိုးရန် နေရာ သတ် မှတ် ၍ အမျိုးစောင့် ဥပဒေအား လက်ခံယုံကြည်သူ မည်သူမဆို ရေးထိုးနိုင်ရန် အတွက်လည်း စီစဉ် ထားကြောင်း ဆက်လက် သိရသည်။

“မြန်မာမိန်းကလေးတွေ နစ်နာမှုတွေ အများကြီး ရှိတယ်။ ဒါကြောင့် အမျိုးစောင့် ဥပဒေဆိုတာ ရှိသင့် တယ်”ဟု လူငယ်တစ်ဦး ဖြစ်သည့် ကိုတိုးအောင်အောင်ကလည်း မျိုးစောင့် ဥပဒေနှင့် ပတ်သက် ၍ ၎င်း၏ ခံယူချက်ကို ပြောသည်။

စင်ကာပူ ကဲ့သို့သော နိုင်ငံများတွင် ၎င်းတို့၏ နိုင်ငံနှင့် စီလျော်သည့် အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းမှုများ ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ထိုသို့သော ဥပဒေ ပြဋ္ဌာန်းမှု မရှိသောကြောင့် နိုင်ငံနေရာ အနှံ့တွင် မြန်မာ မိန်းကလေးများ အတွက် နစ်နာ ဆုံးရှုံးမှုများ ရှိနေကြောင်း ကိုတိုးအောင်အောင်က ဆက်လက် ပြောကြား သည်။

လက်မှတ်ရေး ထိုး တောင်းဆိုမှုများကို နီးစပ်ရာ ရပ်ကွက်များတွင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပြီး မျိုးစောင့် ဥပဒေမူကြမ်း စာရွက်များအားလည်း ဖြန့်ဝေလျက်ရှိကြောင်းလည်း သိရသည်။

ဝေယံ
ဓာတ်ပုံ-ထက်နောင်နောင်
မြန်မာ့ခေတ်

1 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်