Friday, July 26, 2013

ဓားပြတိုက်နေစဉ် ထငိုသော ကလေးငယ်ကို ဓားပြဖြစ်သူက နို့ ဘူးဖျော်တိုက်ကာ ချော့သိပ်

Posted by drmyochit Friday, July 26, 2013, under | No comments

ဓားပြတစ်ဦး ဓားပြတိုက်နေစဉ် ၄င်းဓားပြတိုက်နေသော အိမ်မှကလေးငယ် အိပ်ရာမှ နိုးကာထ အော် ငိုလေ သည်။ ထိုအခါ ၄င်းက ၄င်းကြိုးတုပ် ချည်နှောင်ထားသော မိခင်ဖြစ်သူကို ကလေးအငိုတိတ်ရန် မည်သို့ လုပ် ရမည် ဆိုသည်ကို လှမ်းမေးလိုက်လေသည်။

ကလေးငယ် မိခင်က ကလေး နို့ဆာနေကြောင်း ပြန်ပြောလိုက်သောအခါ ဓားပြ ဖြစ်သူက နှို့မှုန့် ဖျော် ကာ ကလေးကို တိုက်လိုက်သည့်အပြင် ကလေးကို ပုခက် လွှဲပေးကာ သိပ်လိုက်လေ သည်။ အဆိုပါ အဖြစ် အပျက်သည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ အနောက်ပိုင်း တန်ဂါရန်မြို့ တွင် ဖြစ်ပျက် ခဲ့ခြင်း ဖြစ်သည်။

ဂျကာတာ ရဲအရာရှိ ဟယ်ရီက အဆိုပါ ဓါးပြသည် ဖခင် တစ်ဦးဖြစ်နေသောကြောင့် ကလေး အဖြစ် ကို မကြည့်ရက်ကာ ထိုကဲ့သို့ လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။ ကလေး အိပ်ပျော် သွားသော အခါမှ ထိုဓါးပြနှင့် အပေါင်းအပါတို့သည် ရွှေငွေ ပစ္စည်းများကို ယူဆောင်ကာ ထွက်ခွါ သွားကြတော့သည်။ ၎င်းတို့ ယူဆောင်ခဲ့သည့် ပစ္စည်း တန်ဖိုးစုစုပေါင်း ပေါင် ၃၁၀၀ ခန့်ရှိသည်ဟု ရဲများက ဆိုသည်။ မကြာမီ ရက်ပိုင်းတွင်ပင် ရဲများက အဆိုပါ ဓါးပြ တစ်သိုက်ကို ဂျကာတာ အနောက် ပိုင်း ရှိ အိမ်တစ်အိမ်တွင် ဖမ်းဆီးရမိခဲ့လေသည်။ သနား ကြင်နာတတ်သော်လည်း ယင်းဓါးပြနှင့် ကြံရာပါ များသည် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရပြီ ဖြစ်သည်။

(DM 25.7.13) ချယ်ရီ
ပြည်မြန်မာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်